နာရေးကူညီသူ

August 11, 2021

မော်လမြိုင်သုသာန်တွင် မီးသင်္ဂြိုဟ်စက် ၁ လုံးပျက်၊ နာရေးကူညီသူများ PPE ဝတ်စုံလိုအပ်

မော်လမြိုင်မြို့က ပိန္နဲကုန်းသုသာန်မှာ   ကိုဗစ်အတည်ပြုလူနာတွေကို မီးသင်္ဂြိုဟ်ပေးရာမှာ သုံးတဲ့ မီးသင်္ဂြိုဟ်စက် ၂ လုံးမှာ ၁ လုံး ပျက်စီးသွားပြီးဖြစ်လို့  အခက်အခဲ ရှိနေတယ်လို့ သုသာန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါအပြင် ကိုဗစ်အတည်ပြုလူနာတွေကို မီးသင်္ဂြိုဟ်ပေးရာမှာ သုံးဖို့ PPE ၊ လက်အိတ်နဲ့ ကာကွယ်ရေး ပစ္စည်းတွေ လိုအပ်နေသလို လက်ရှိထိ အာဏာသိမ်းစစ်ကောင်စီက ထောက်ပံ့ပေးခြင်း မရှိဘူးလို့လည်း ပြောပါတယ်။

မော်လမြိုင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်ထိ တစ်ရက်ကို ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ ကနေ ၆၀ လောက်ထိ မီးသင်္ဂြိုဟ် ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သြဂုတ် ၁၀ ရက်နေ့ကစပြီး တစ်ရက် ကိုဗစ်လူနာ ၂၀ နီးပါးသာ မီးသင်္ဂြိုဟ်ပေးရတော့တယ်လို့ မော်လမြိုင် ပိန္နဲကုန်းသုသာန် တာဝန်ရှိသူတစ်ဦး ပြောပါတယ်။

မော်လမြိုင်ပိန္နဲကုန်း သုသာန်ဟာ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၀၀ ကျော်မီးသင်္ဂြိုဟ်ပေးခဲ့တာ ဖြစ်ပါတယ်။

4 months Ago
Up