နာရေးကူညီမှုအသင်း (ရန်ကုန်)

March 4, 2021

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ကို ရဲနှင့် စစ်တပ်က အကြမ်းဖက် ဝင်ရောက်စီးနင်းဖျက်ဆီး

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ကို ရဲနဲ့စစ်တပ်က မတ်လ ၃ ရက်  ည ၁၁ နာရီကျော်လောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး  ရုံးခန်းမှန်တွေနဲ့ နာရေးအသင်းကားတွေကို ရိုက်ခွဲတာ၊ ပစ္စည်းတချို့ကို ဖျက်ဆီးပြီး တချို့ကို သိမ်းဆည်းသွားပါတယ်။

နာရေးကူညီမှုအသင်းရဲ့ အချက်အလက်ထားတဲ့ ရုံးခန်းကို ပစ်မှတ်ထားဝင်ရောက်ပြီး ပြန်ကြားရေးနဲ့ပတ်သက်တာအကုန်ယူဆောင်သွားသလို  ရုံးခန်း  မှန်တွေကိုသေနတ်နဲ့ပစ်ခွဲကာ ကျည်ဆန်ခွံတွေပါ ပြန်ယူသွားကြတယ်လို့ အသင်းသား တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

အသင်းသား တစ်ယောက်ကတော့ သေနတ်ဒင်နဲ့အရိုက်ခံရပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူး သရုပ်ဆောင်ထွန်းကိုကို အပါအဝင် အတော်များများ အထိုးခံ အကန်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မနေ့ညနေက  မြောက်ဥက္ကလာပမြို့နယ်မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေနဲ့  ပစ်သတ်ခဲ့တာကြောင့် လူ ၂၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပြီးနောက်မှာ  နာရေးကူညီမှုအသင်းရုံးကို လည်း အကြမ်းဖက် ဝင်စီးခဲ့တာဖြစ်ပါတယ်။

2 years Ago
Up