နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

October 21, 2020

ဦးကျော်သူ အပါအဝင် နာရေးကူညီမှုအသင်း (ရန်ကုန်)က ၃ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ  တာဝန်ယူ လုပ်ကိုင်နေသူတွေကို ဆေးစစ်ရာမှာ ဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် ၃ ယောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာ တွေ့ရတယ်လို့ အသင်း ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ “အားလုံးအယောက် ၇၀ စစ်တာပါ။ ကိုကျော်သူနဲ့ နောက် ၂ ယောက်မှာ တွေ့တယ်။ စေတနာ့ဝန်ထမ်းတွေပဲ။ ပြန်ကြားရေးမှာ တာဝန်ယူတဲ့သူပါတယ်။ ဒါပေမဲ့ အားလုံးက လိုအပ်ရင် အပြင်ထွက်ကြရတာပဲ” လို့ ပြောပါတယ်။ ဦးကျော်သူ အပါအဝင် ၃ ယောက်လုံးမှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ဘာမှမပြဘဲ အခုတော့ ဆေးကုသမှုခံဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတော့  “တွေ့ပြီ... P တဲ့။ အများအတွက် မျိုးဆက်သစ်တွေကို ဦးဆောင် ပေးဆပ်ရင်းဖြင့် ကျဆုံးခဲ့ရမှုကို ကျေနပ် ပီတိဖြစ်စွာ လက်ခံလိုက်မိပါသည်။” လို့ ရေးသားထားပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)ဟာ  ကိုဗစ်-၁၉ ကူးစက်ခံလူနာတွေကို သက်ဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ပေးတာတွေကို လုပ်ဆောင်နေသလို လုပ်နေကျဖြစ်တဲ့ သေဆုံးသူတွေကို သယ်ယူပို့ဆောင်ပေးတာ၊ ကျောက်ကပ်သန့်စင်တာနဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ဝေဘာဂီဆေးရုံကြီးကို နေ့စဉ် အောက်စီဂျင်အိုးတွေ သွားရောက်လှူဒါန်းပေးနေပါတယ်။
6 months Ago

February 7, 2020

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

စည်းလုံးညီညွတ်မှု အင်အားကို ဖော်ဆောင်တဲ့အနေနဲ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပပါတယ်။  စည်းလုံးညီညွတ်မှုရှိမှာသာ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်တဲ့အချိန်မှာ အောင်မြင်မှု ရှိတာကြောင့် အခုလို ထမနဲထိုးပြိုင်ပွဲကို ကျင်းပပေးတာဖြစ်တယ်လို့ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကပြောပါတယ်။  နာရေးကူညီမှုအသင်းရဲ့ တပို့တွဲလ ထမနဲထိုးပြိုင်ပွဲကိုတော့ နှစ်စဉ်ကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ပရဟိတအဖွဲ့အစည်းတွေ ပါဝင်တဲ့ အဖွဲ့ ၉ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေ ချီးမြှင့်ပေးပါတယ်။
1 year Ago
Up