နာရေးကူညီမှုကား

August 26, 2021

ဂန့်ဂေါမြို့နယ်တွင် နာရေးကူညီမှုကားကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကန်သာရွာက နာရေးကားတစ်စီးကို သြဂုတ် ၂၄ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့ ဖျက်ဆီးသွားပါတယ်။

မြစ်သာတံတား လမ်းခွဲက ကားဝပ်ရှော့မှာ  ရပ်ထားတဲ့ ကန်သာကျေးရွာက နာရေးကူညီမှု အနက်ရောင် SURF ကားတစ်စီးကို အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း ကလေးဘက်ကို စစ်ကြောင်းထိုးလာတဲ့  အကြမ်းဖက်စစ်အုပ်စုတွေကို ဒေသခံ YDF တပ်ဖွဲတွေနဲ့ PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က အထိခိုက်အကျဆုံး များပြားနေပါတယ်။

ဒါ့ကြောင့်လမ်းဘေးဝဲယာကကျေးရွာတွေကို သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာက လမ်းဘေးဝဲယာရှိ ယာစောင့်တဲ ၅ လုံးကို အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

3 months Ago
Up