နာရီတီထွင်မှုကို ဗုံးထွင်မှုဖြင့် အဖမ်းခံရသည့် ၁၄ နှစ်သား (ရုပ်သံ)

September 17, 2015

နာရီတီထွင်မှုကို ဗုံးထွင်မှုဖြင့် အဖမ်းခံရသည့် ၁၄ နှစ်သား (ရုပ်သံ)

အသက် ၁၄ နှစ် အာမက်မိုဟာမက်က တီထွင်တာကို တော်တော်ဝါသနာထုံတယ်လို့ ပြောရမှာပါ။ သူနောက်ဆုံးတီထွင်တာကတော့ သတ္တုသေတ္တာလေးထဲမှာ ဒစ်ဂျစ်တယ်နဲ့ ပြသနိုင်တဲ့ နာရီဖြစ်ပါတယ်။ တီထွင်လိုက်တဲ့ နာရီကို မိုဟာမက်က စက်တင်ဘာ ၁၄ ရက်မှာ အမေရိကန်ပြည်ထောင်စု တက္ကဆပ်မှာရှိတဲ့ ကျောင်းကို ယူသွားပါတယ်။ ဒါပေမယ့် ဆရာက ဒါကို ဗုံးလို့ မှားယွင်းယူဆတဲ့အတွက် အဖမ်းခံရပါတယ်။ လူငယ်တွေ ထိန်းသိမ်းရေးဆင်တာမှာ မိဘတွေ မရောက်လာတဲ့အထိ သူ့ကို စစ်ဆေးပါတယ်။ ဒီလိုစစ်ဆေးတာဟာ သူကို လူသားတယောက်လိုမဟုတ်ဘဲ ရာဇ၀တ်သား တယောက်လို ခံစားရတယ်လို့ မိုဟာမက်က ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်မှာတော့ မိဘတွေကို ကျောင်းက အကြောင်းကြားခဲ့ပါတယ်။ ဒီနောက်မှာ မိုဟာမက် ဖြစ်ရပ်ဟာ လူမှုရေးကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဒီအထဲမှာ သမ္မတ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီကလင်တန်တို့ကလည်း သူရဲ့ တီထွင်မှုကို အားပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ သူ့ကို ရဲတပ်ဖွဲ့က တစုံတရာစွဲဆိုခြင်းမပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
6 years Ago
Up