မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နာမည်ကြီး မန်စီးတီးအသင်း လက်စတာကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
အိမ်ရှင် လက်စတာအတွက် အနိုင်ဂိုးတွေကို ကင်းက ၁ ဂိုးနဲ့ ဗာဒီက ဟတ်ထရစ် ဂိုးသွင်းယူပါတယ်။
ဒီပွဲနိုင်လို့ လက်ရှိ ချန်ပီယံ လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ်မှာ ၅ ပွဲ ဆက်တိုက် နိုင်ပွဲမရသေးတဲ့ စံချိန်တွေကို ရပ်တန့်သွားပါတယ်။
ဒီပွဲမှာ မန်စီးတီး နောက်တန်း အမှားအယွင်းများခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လက်စတာ တိုက်စစ်မှူးဗာဒီက ရရှိသွားပါတယ်။
နည်းပြ ဂွါဒီယိုလာကတော့ ဘောလုံး အားကစားဆိုတာ အမှားအယွင်းတွေနဲ့ မကင်းပါဘူး။ ဒီရှုံးပွဲအပေါ် ကစားသမားတွေကို အပြစ်မတင်ဘဲ ကျနော်ကိုယ်တိုင်ပဲ သုံးသပ် အဖြေရှာသွားမှာပါလို့ ပြောပါတယ်။
ဒီပွဲရှုံးတဲ့ မန်စီးတီးက အမှတ် ၃၀ နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး လက်စတာက ၁၆ မှတ်နဲ့ အဆင့် ၁၄ နေရာကို တက်လှမ်းသွားပါတယ်။
6 years Ago