နာမည်ကြီး ပလေးဘွိုင် မော်ဒယ် လေဖြတ်သေဆုံး

A d v e r t i s e m e n t With Us

February 5, 2016

နာမည်ကြီး ပလေးဘွိုင် မော်ဒယ် လေဖြတ်သေဆုံး (သတင်းဓာတ်ပုံ)

လူမှုမီဒီယာစတားနဲ့ အသက် ၃၄ နှစ်အရွယ် ပလေးဘွိုင်မော်ဒယ် ကေတီမေဟာ လေဖြတ်ရောဂါကြောင့် ကွယ်လွန်သွားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က လေဖြတ်သွားတာကြောင့် ဆေးရုံတင်ခဲ့ရပြီး ဖေဖော်ဝါရီ ၄ ရက်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ သူချစ်တဲ့သူတွေဘေးမှာပဲ ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာ ၄ နှစ်အရွယ် သမီးလေးတယောက် ကျန်ရစ်ခဲ့ပါတယ်။ ကေတီမေဟာ လူမှုကွန်ရက် အင်စတာဂရမ်မှာ နာမည်ကြီးသလို နောက်လိုက် ၁ ဒသမ ၉ သန်းရှိပြီး သူရိုက်ကူးထားတဲ့ မော်ဒယ်ပုံတွေကို ဒီလူမှုကွန်ရက်ကနေ တဆင့် ဖြန့်ဝေလေ့ ရှိပါတယ်။ အင်စတာဂရမ်အကောင့် MsKatieMay နဲ့ Snapchat ရဲ့ ဘုရင်မအဖြစ်လည်း လူသိများ ကျော်ကြားသူတဦး ဖြစ်ပါတယ်။ ဓာတ်ပုံ - MsKatieMay အင်စတာဂရမ်  
5 years Ago
Up