နာမည်ကြီး လက်တင်သီချင်းတပုဒ်ဖြစ်တဲ့ ဒက်စ်ပါဆီးဒို (Despacito) သီချင်းနဲ့ တင်ပါးလှုပ် ကခုန်ခဲ့တဲ့ ဆွီဒင်ရဲအရာရှိတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
ဒီအဖြစ်အပျက်ဟာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ကျင်းပခဲ့တဲ့ လိင်တူချစ်သူတွေကို ရွံမုန်းမှုတိုက်ဖျက်ရေး အထိမ်းအမှတ် စီတန်းလမ်းလျှောက်ပွဲတခုမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ သြဂုတ် ၆ ရက်နေ့က ဖော်ပြပါတယ်။
အဲဒီရဲအရာရှိဟာ တာဝန်ကျရဲဝန်ထမ်းတဦးဖြစ်ပြီး ယူနီဖောင်းအပြည့်အစုံ ဝတ်ဆင်ထားခဲ့ကာ လမ်းမအလယ်မှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။
ဘေးပတ်ပတ်လည်မှာတော့ လူထုပရိသတ်တွေ ရှိနေခဲ့ပြီး ရဲအရာရှိက လက်တင်စတိုင်အကနဲ့ တင်ပါးလှုပ်ခါ ကခုန်ခဲ့ချိန်မှာတော့ လက်ခုပ်လက်ဝါးတီး အားပေးနေခဲ့ကြတာပါ။
သူ ကခုန်ခဲ့တဲ့သီချင်းဟာ လတ်တလော နာမည်ကြီးနေတဲ့ လူးဝစ္စဖွန်ဆီ၊ ဒက်ဒီ ယန်ကီးနဲ့ ဂျပ်စတင်ဘီဘာတို့ သီဆိုထားတဲ့ ဒက်စပါဆီးဒိုသီချင်းဖြစ်ပြီး ပရိသတ်တွေကပါ လိုက်ပြီး သီဆိုပေးခဲ့ကြတာကို တွေ့ရမှာပါ။
ဒီ စီတန်းလမ်းလျှောက်ပွဲမှာ လူတွေ ထောင်သောင်းချီ ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ရဲအရာရှိဟာ လမ်းတလျှောက် ကခုန်နေခဲ့တာပါ။
တနေရာမှာတော့ အမျိုးသမီးတဦးကပါ သူနဲ့အတူ ဝင်ရောက်ကခုန်ခဲ့တာကို တွေ့ရပြီး ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago