နာမည်ကြီး ကစားသမား ၁၁ ဦး

May 19, 2018

နာမည်ကြီး ကစားသမား ၁၁ ဦး ပြင်သစ်လက်ရွေးစင်အသင်းမှ ချန်လှပ်ခံရ

ပြင်သစ်လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံလိုက်ရတဲ့ နာမည်ကြီးကစားသမား ၁၁ ယောက်ကို ဒေးလီးမေးသတင်းစာက ဖော်ပြလိုက်ပါတယ်။ ပြင်သစ်အသင်းမှာ ကစားသမားတွေ များပြားတာကြောင့် နာမည်ကြီးကစာသမား အများအပြား ချန်လှပ်ခံခဲ့ရတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်းလူစာရင်းမှာ ရီးရဲလ်က ဘင်ဇီမာ၊ မန်ယူက မာရှယ်၊ အာဆင်နယ်က လာကာဇက်၊ မာဆေးက ပေရက် စတဲ့ တိုက်စစ်ကစားသမားတွေ ချန်လှပ်ခဲ့ရပါတယ်။ ကွင်းလယ်မှာလည်း ဘိုင်ယန်မြူးနစ်က ကိုမန်၊ ပီအက်စ်ဂျီက ရော့ဘီးရော့တို့လည်း ပါဝင်လာခြင်းမရှိပါဘူး။ နောက်တန်းမှာလည်း  မန်စီးတီးက လာပေါ်တေး၊ ခရစ္စတယ်ပဲလေ့က ဆာခို၊ ဘာစီလိုနာက ဒစ်ဂ်နေး၊ အာဆင်နယ်ကစားသမားဟောင်း ဒီဘူချီနဲ့ ဘောဒိုးဂိုးသမား ကော့တေးလ်တို့လည်း ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ အပြီးသတ်လူစာရင်းမှာတော့ ဂရစ်မန်း၊ အိုလီဗာဂျရူး၊ ကန်တီ၊ ပေါ့ဘာ၊ မာတွီဒီ စတဲ့ ကစာသမားတွေ ရွေးချယ်ခံခဲ့ရပါတယ်။ နည်းပြ ဒတ်ချန့် ဦးဆောင်တဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားမှာ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်အသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။
3 years Ago
Up