နာမည်ကြီးနေသည့် မျက်လုံးတလုံးပါ ဂရိဒဏ္ဍာရီလာ နတ်ဘီလူးဆိတ်ကလေး

A d v e r t i s e m e n t With Us

November 15, 2016

နာမည်ကြီးနေသည့် မျက်လုံးတလုံးပါ ဂရိဒဏ္ဍာရီလာ နတ်ဘီလူးဆိတ်ကလေး (ရုပ်သံ)

ဒီဆိတ်ကလေးဟာ မွေးရာပါ မျက်လုံးတလုံးသာ ပါရှိခဲ့ပြီး ဂရိဒဏ္ဍာရီလာ နဖူးအလယ်တည့်တည့်မှာ မျက်လုံးတလုံးပါရှိတဲ့ ဘီလူးလို နတ်ဘီလူးဆိတ်ကလေးအဖြစ် ရေပန်းစားနေခဲ့ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းနိုင်ငံတခုမှာဖြစ်ခဲ့ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးသား ၂ ဦးက ထူးဆန်းတဲ့ ဆိတ်ကလေးရဲ့ မျက်နှာပုံပန်းသွင်ပြင်ကို ကင်မရာရှေ့မှာ စူးစမ်းနေခဲ့ကြတာကို တွေ့ရမှာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ LiveLeak.com အင်တာနက်စာမျက်နှာပေါ်မှာ ၀င်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သောင်း ၃ ထောင်နီးပါး ရှိနေခဲ့တာပါ။ အခုနှစ်အစောပိုင်းကလည်း ကာဇက်စတန်နိုင်ငံ လယ်တောတခုထဲမှာ ဦးခေါင်း ၂ လုံးပါတဲ့ ဆိတ်ကလေးတကောင် မွေးခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားခဲ့တာပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်တွေကတော့ ဆိတ်တွေကြား ခုလိုမျိုး ဗီဇပြောင်းလဲမှုတွေဟာ မျိုးမတူတဲ့ ဗီဇပေါင်းစပ်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လယ်သမားတဦးဖြစ်တဲ့ ပိုင်ရှင် ဂဲလဲန်ဇမ် ယူးတူးလိယက်ဖ်ကတော့ “ဒါဟာ တော်တော့ကို ကြောက်စရာပဲ။ ဒါပေမယ့် သူဟာ သက်တမ်းရှည်ရှည်တော့ နေနိုင်လိမ့်မယ် မထင်ပါဘူး” လို့ ပြောပါတယ်။
4 years Ago
Up