နာမည်ကြီးအာဆင်နယ် အဝေးကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်ဖြင့်ရှုံး

April 11, 2017

နာမည်ကြီးအာဆင်နယ် အဝေးကွင်းတွင် ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်ဖြင့်ရှုံး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ နာမည်ကြီး အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ မထင်မှတ်ဘဲ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ ရှုံးသွားပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့ တပတ်ကျော်ကလည်း နာမည်ကြီး ချဲလ်ဆီးကို အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ ဒီပွဲမှာ ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ တောင်ဆန်က သွင်းယူပါတယ်။ အာဆင်နယ်အတွက်တော့ ဒီနှစ်ရာသီထဲ အဝေးကွင်းမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်အတွက် ဒုတိယဂိုးကို ၆၃ မိနစ်မှာ ကာဘာယီက အဝေးကစ်ကနေ သွင်းယူပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်း နောက်တန်းကစားပုံ မကောင်းဘဲ တဘက်တိုက်စစ်ကို ထိထိရောက်ရောက် မဖျက်ထုတ်နိုင်ခဲ့ပါဘူး။ ဒီပွဲရှုံးတဲ့အတွက် နည်းပြ အာစင်ဝင်းဂါးအတွက်လည်း ဖိအားတွေ ပိုများခဲ့ပါတယ်။ ဒါ့အပြင် ရာသီကုန်မှာ အဆင့် ၄ အတွင်းဝင်ရေး မျှော်လင့်ချက်တွေလည်း ထိခိုက်ခဲ့ရပါတယ်။ ပဲလေ့စ်အတွက် တတိယဂိုးကိုတော့ အာဆင်နယ်ဂိုးသမားရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို မီလီဗိုဂျီဗစ်က သွင်းယူခဲ့တာပါ။ ဒီပွဲရှုံးတဲ့ အာဆင်နယ်က ၅၄ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်ကတော့ ၃၄ မှတ်နဲ့ အဆင့် ၁၆ ကို တက်လှမ်းသွားပါတယ်။
4 years Ago
Up