နာမည်ကြီး တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်ဟာ ဒဏ်ရာကြောင့် ဒီနှစ်ရာသီအကုန်အထိ အနားယူရနိုင်တယ်လို့ ပြောပါတယ်။
ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ လက်တံတောင်မှာ ဒဏ်ရာရထားတဲ့အတွက် ပြန်ကောင်းလာအောင် ကုသမှု ခံယူနေရပါတယ်။
အသက် ၃၀ အရွယ် ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်အိုးပန်း တင်းနစ်ပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် ကွာတားအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။
၂၀၁၈ ခုနှစ်အစ ပထမပတ်မှာတော့ သေချာပေါက် ပြန်ကစားနိုင်လိမ့်မယ်လို့လည်း ဂျိုကိုဗစ်က ပြောပါတယ်။
ကမ္ဘာ့နံပါတ်တစ်ဟောင်းဖြစ်တဲ့ ဂျိုကိုဗစ်ဟာ ကစားသမား သက်တမ်းအတွင်း ဂရန်းစလန်း ဆုဖလားပေါင်း ၁၂ ခု ဆွတ်ခူးထားပါတယ်။
6 years Ago