နာမည်ကြီး

February 4, 2019

နာမည်ကြီး နှင်းလျောစီးမယ် လင်ဆေးဗွန်း အနားယူတော့မည်

အမေရိကန်နာမည်ကြီး နှင်းလျောစီးမယ် လင်ဆေးဗွန်းဟာ လာမယ့် မတ်လအတွင်း ဆွီဒင်နိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးရင် အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ သူမဟာ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိလာပြီး ဒူးနှစ်ဖက်စလုံး ဒဏ်ရာအခြေအနေ ဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက အီတလီနှင်းလျောစီးပြိုင်ပွဲမှာလည်း ဒူးဒဏ်ရာကြောင့် ဗွန်းအနေနဲ့ ပန်းဝင်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဗွန်းဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှသာ အနားယူဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ဒဏ်ရာအခြေအနေကြောင့် စောစောစီးစီး အနားယူခဲ့ရတာ ဖြစ်ပါတယ်။ ဗွန်းက အခုလို အနားယူဖို့အတွက် ၂ ပတ်လောက်ကြာအောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရပြီး သူ့ရဲ့ခန္ဓာကိုယ်က ရပ်တန့်ဖို့ အမိန့်ပေးနေလို့ နာခံမှဖြစ်မယ်ဆိုပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ လင်ဆေးဗွန်းဟာ ကမ္ဘာ့ချန်ပီယံဆုအပါအဝင် အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ အခြားဆုတံဆိပ်ပေါင်းများစွာ ရရှိထားခဲ့ပြီး သမိုင်းတလျှောက် အအောင်မြင်ဆုံး အမျိုးသမီး နှင်းလျောစီး စကိတ်သမားဖြစ်ပါတယ်။ သူမရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့သလို အန်နီမေရီ မိုဆာပရိုးလ်ပြီးရင် နှင်းလျောစီးအားကစား သမိုင်းတလျှောက် ဒုတိယ အအောင်မြင်ဆုံး ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
2 years Ago

October 15, 2017

နာမည်ကြီး ဒေါ့မွန်အသင်း လိုက်ဇစ် ကို ၃-၂ ဂိုး ဖြင့် ရှုံးနိမ့်(ရုပ်သံဟိုက်လိုက်)

စနေနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ လိုက်ဇစ်အသင်းက နာမည်ကြီး ဒေါ့မွန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ တိုက်စစ်မှူး အဘာမီယန်းက သွင်းယူပါတယ်။ လိုက်ဇ်အတွက် ချေပဂိုးကို ၁၀ မိနစ်လောက်မှာ ပြန်လည် သွင်းယူပါတယ်။ ပွဲချိန် ၂၅ မိနစ်လောက်မှာ လိုက်ဇစ်အတွက် ဒုတိယဂိုးကို ဒေါ့မွန် နောက်တန်း အမှားကနေ  ပေါဆန်က သွင်းယူပါတယ်။ ၄၇ မိနစ်မှာ ဒေါ့မွန် နောက်တန်းက ဖျက်ထုတ်မှုကြမ်းတာကြောင့် အနီကတ်နဲ့ အထုတ်ခံ လိုက်ရခဲ့ပြီး ပင်နယ်တီပေးခဲ့ရပါတယ်။ အဲဒီပင်နယ်တီကနေ တတိယဂိုးကို သြဂတ်စတင်က သွင်းယူပါတယ်။ ပွဲချိန် ၅၆ မိနစ်လောက်မှာ လိုက်ဇစ် ကစားသမား တယောက်အထုတ်ခံရပြီး နှစ်ဖက်လုံး ၁ ယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ၆၃ မိနစ်လောက်မှာ ပင်နယ်တီကနေ အာဘာမီယန်းက ဒေါ့မွန်အတွက် ဒုတိယချေပဂိုး သွင်းယူပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ဒေါ့မွန် အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ ပထမဆုံး ရှုံးပွဲနဲ့ ကြုံလိုက်ရပါတယ်။ ဒီပွဲရှုံးပေမယ့် ဒေါ့မွန်က ၁၉ မှတ်နဲ့ ဦးဆောင်နေပြီး လိုက်ဇစ်က ၁၆ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up