နာမည်ကျော် Riviera ဟိုတယ်နှင့် ကာစီနိုအဆောက်အဦကြီး ဖြိုချ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 17, 2016

နာမည်ကျော် Riviera ဟိုတယ်နှင့် ကာစီနိုအဆောက်အဦကြီး ဖြိုချ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗေးဂတ်စ် Las Vegas မြို့က နာမည်ကျော် ရီဗီယာ (Riviera) ဟိုတယ်နဲ့ ကာစီနိုအဆောက်အဦကြီးကို သြဂုတ် ၁၆ ရက်ညက ဆောက်လုပ်ရေး စီမံကိန်းသစ်တခုအတွက် ဖြိုချခဲ့ပါတယ်။ မွန်တီကာလို (Monte Carlo) အထပ်မြင့်အဆောက်အဦနေရာကို လာစ့်ဗေးဂတ်စ်မြို့စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ၂၀၁၅ ခုနှစ်က ၀ယ်ယူလိုက်ပြီးနောက်ပိုင်း ဟိုတယ်နဲ့ လောင်းကစားလုပ်ငန်းတွေကို ပိတ်လိုက်တာပါ။ ၂၆ ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာ လာ့စ်ဗေးဂတ်စ်မြို့ စီးပွားရေးစင်တာ အဆောက်အဦသစ် တည်ဆောက်မယ်လို့ လာ့စ်ဗေးဂတ်စ်မြို့ခံသတင်းတွေက ဆိုပါတယ်။ ဖြိုချလိုက်တဲ့ အဆောက်အဦ ၂ ခုမှာ ဟိုတယ်အခန်းပေါင်း ၂ ထောင်ကျော်ရှိပြီး အဲ့ဒီဟိုတယ်မှာ ပွဲလမ်းသဘင်အခမ်းအနားတွေကို နှစ်ပေါင်း ၆၀ ကျော် ကျင်းပခဲ့ကြပါတယ်။
5 years Ago
Up