နာမည်ကျော်မော်ဒယ် ကင်မ်ကာဒက်ရှန် ပါရီရှိ နေအိမ်တွင် ဓားပြတိုက်ခံရ

October 3, 2016

နာမည်ကျော်မော်ဒယ် ကင်မ်ကာဒက်ရှန် ပါရီရှိ နေအိမ်တွင် ဓားပြတိုက်ခံရ

အမေရိကန် Reality ရုပ်သံတင်ဆက်သူ နာမည်ကျော်မော်ဒယ် ကင်မ် ကာဒက်ရှန် (Kim Kardashian) ဟာ သူ့ရဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က အဆင့်မြင့်နေအိမ်မှာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက သေနတ်ထောက် ဓားပြတိုက်ခံရတယ်လို့ ရဲတပ်ဖွဲ့နဲ့ သူ့ရဲ့ ဆက်ဆံရေးအရာရှိတို့က အတည်ပြုပြောဆိုပါတယ်။ ပါသွားတဲ့ပစ္စည်းအများစုကတော့ အဖိုးတန်လက်ဝတ်ရတနာတွေဖြစ်ပြီး ယူရိုငွေ သန်းချီတန်ကြေးရှိမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် ကင်မ်ရဲ့ ပြောခွင့်ရသူကတော့ သူ အခုလို ဓားပြတိုက်ခံရတဲ့အတွက် အတော်ကို တုန်လှုပ်ချောက်ချားခဲ့ပေမယ့် သူအပါအ၀င် ဘယ်သူမှ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။ မျက်နှာဖုံးဝတ် သေနတ်သမား ၂ ဦးက ရဲဝတ်စုံဝတ်ပြီး ဓားပြတိုက်ခဲ့တယ်လို့ ကင်မ်ရဲ့ ပြောခွင့်ရသူက ပြောဆိုပြီး တချို့သတင်းတွေကတော့ သေနတ်သမား ၅ ဦးလို့ ဖော်ပြကြပါတယ်။ ခင်ပွန်းဖြစ်သူ ရက်ပ်အဆိုတော် ၀က်စ်တ် (West) ကတော့ နယူးယောက်မြို့က ဂီတဖျော်ဖြေပွဲတခုအတွက် ရောက်နေပြီး ဒီဓားပြမှုဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ ဂီတဖျော်ဖြေရေး အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ကင်မ်ဟာ ဒီ ပါရီမြို့တော်က အဆင့်မြင့်နေအိမ်မှာ ၂၀၁၄ ခုနှစ်က လက်ရှိခင်ပွန်း ၀က်စ်တ်နဲ့ လက်မထပ်ခင် အနည်းဆုံး တကြိမ်နေထိုင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up