နာမည်ကျော်မင်းသမီးကို အတင်းပြေးဖက်သည့်အမျိုးသား ဖမ်းဆီးခံရ (ရုပ်သံ)

May 22, 2016

နာမည်ကျော်မင်းသမီးကို အတင်းပြေးဖက်သည့်အမျိုးသား ဖမ်းဆီးခံရ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ကျိုးမြို့မှာ မေလ ၁၉ ရက်နေ့က နာမည်ကျော်မင်းသမီးတဦးကို တိုက်ခိုက်တော့မယ့် ပုံစံနဲ့ စတိတ်စင်ပေါ်ပြေးတက်ကာ အတင်းပွေ့ဖက်ခဲ့တဲ့ အမာခံပရိသတ်အမျိုးသားတဦးကို ရဲတွေက ဖမ်းဆီးခဲ့ရပါတယ်။ တရုတ်နာမည်ကျော်မင်းသမီး လျူယီဖေးဟာ “ညဒေါင်းပျို” အမည်ရတဲ့ သူ့ရဲ့ ပြင်သစ်-တရုတ် အချစ်ရုပ်ရှင်ကားကို မိတ်ဆက်ဖို့အတွက် ဂွမ်ကျိုးမြို့က ကဇာတ်ရုံတခု ဆီလာရောက်ခဲ့ချိန်မှာ ခုလိုကြုံတွေ့ခဲ့ရတာပါ။ ရုပ်သံဖိုင်ထဲမှာတော့ အဆိုပါ အမာခံပရိသတ်အမျိုးသားဟာ မင်းသမီးကို စင်ပေါ်တက်ပြီး အတင်းခုန်အုပ် ပွေ့ဖက်ခဲ့လို့ မင်းသမီးဟာ လဲကျသွားခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ခုလိုပြုမူခဲ့တဲ့အတွက် ၁၀ ရက်ကြာ ချုပ်နှောင်ခံထားရမှာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ ထိခိုက်ဒဏ်ရာရရှိတာမရှိခဲ့ပေမယ့် ပရိ သတ်တယောက်ရဲ့ ခုလိုအပြုအမူအတွက် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရတယ်လို့ စီစီ တီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက မင်းသမီးကို တောင်းပန်ခဲ့ပြီး ခုလိုနာမည်ကျော် တွေနောက်ကို လိုက်နေတဲ့ ပရိတ်သတ်တွေကို ဆင်ခြင်ကြဖို့ မေတ္တာရပ်ခံခဲ့ရပါတယ်။
6 years Ago
Up