နာမည်ကျော်

May 13, 2017

နာမည်ကျော် ပါရီတံတားပေါ်က သော့ခလောက်များ လေလံတင်တော့မည်

ပြင်သစ်နိုင်ငံ မြို့တော်ပါရီမှာ သမီးရည်းစားတွေက သော့ခလောက်တွေ လာခတ်ထားလို့ နာမည်ကျော်ခဲ့တဲ့ တံတားက သော့ခလောက်တွေကို ဒီနေ့ လေလံပစ်ပြီး ပရဟိတ လုပ်ငန်း လုပ်သွားမှာ ဖြစ်ပါတယ်။ ပါရီမြို့လယ်က အနုပညာတံတား လို့ အဓိပ္ပာယ်ရတဲ့ ပွန့်ဒေဇာ တံတားရဲ့ လက်ရန်းတွေမှာ ထောင်သောင်းချီနေတဲ့ သမီးရည်းစားတွေက သူတို့ ချစ်ခြင်းတည်မြဲဖို့ သော့ခလောက်တွေ ခတ်လေ့ရှိပါတယ်။ ဒါကြောင့် လူသွားတံတားလေးဟာ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ပါရီမြို့သားတွေအတွက် အချစ်ဗိမာန် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တံတားရဲ့ အစိတ်အပိုင်းတခု ပြိုကျခဲ့ပါတယ်။ ၁၉ ရာစုက တံတားဟောင်းမှာ လာခတ်ထားတဲ့ သော့ခလောက်တွေရဲ့ အလေးချိန်ကြောင့် တံတား ကြံ့ခိုင်ရေး စိုးရိမ်ရလို့ မြို့အာဏာပိုင်တွေက သော့ခလောက်တွေကို အရင် ၂ နှစ်က ဖယ်ထုတ်ခဲ့ရပါတယ်။ အနုပညာ သင်္ကေတအဖြစ် ခတ်ထားတဲ့ သော့ခလောက်တစုံကို ခန့်မှန်းခြေ ယူရိုငွေ ၁၅၀ ကနေ ၂၀၀ ကြား ရောင်းချပါတယ်။ တံတားဘောင်တခုကို ယူရိုငွေ ၅ ထောင်ကနေ ၁ သောင်းလောက် လေလံပစ်မှာ ဖြစ်ပြီး လေလံပစ်ဖို့ တံတားဘောင် ၁၅ ခု ရှိပါတယ်။
4 years Ago
Up