နာမည်ဆိုးဖြင့် ကျော်ကြားသည့်စက်ရုပ်က ရုရှားသမ္မတ ပူတင်ကို လက်ဆွဲနှုတ်ဆက်

September 14, 2017

နာမည်ဆိုးဖြင့် ကျော်ကြားသည့်စက်ရုပ်က ရုရှားသမ္မတ ပူတင်ကို လက်ဆွဲနှုတ်ဆက် (ရုပ်သံ)

စမ်းသပ်ခန်းက ၂ ကြိမ် ထွက်ပြေးလွတ်မြောက်ခဲ့လို့ အမည်ဆိုးနဲ့ကျော်ကြားတဲ့ စက်ရုပ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံရဲ့ ဆီလီကွန်တောင်ကြားလို့ လူသိများတဲ့ ပမ်းမြို့က အိုင်တီပြပွဲကို ရုရှားသမ္မတ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ရုပ်နဲ့တွေ့ခဲ့တာပါ။ ရုရှားနိုင်ငံလုပ် မျက်စိအကြီးကြီးနဲ့ စက်ရုပ်က ပူတင်ကို မြင်မြင်ချင်း မှတ်မိပြီး တက်တက်ကြွကြွနဲ့ သူ့ကိုယ့်သူမိတ်ဆက်ကာ လက်ဆွဲနှုတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ စက်ရုပ်က ရုရှားနိုင်ငံတဝှမ်း လမ်းညွှန်သူ မော်ဒယ်နဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းအဖြစ် လုပ်ဆောင်ခဲ့ပြီး လူထုထဲက လူသိများတဲ့သူတွေရဲ့ စာရင်းမှတ်တမ်းတွေကို သိမ်းသူအဖြစ် လုပ်ဆောင်တယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က စက်ရုပ် ထွက်ပြေးလွတ်မြောက်ခဲ့လို့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်က မော်စကိုမြို့မှာ ရုရှားလွှတ်တော်အမတ် ဗာလရီကာလာချက်ဗ်ကို ထောက်ခံအားပေးတဲ့ နိုင်ငံရေးလူထုစည်းဝေးပွဲမှာ စက်ရုပ် ဗွေဖောက်သွားတဲ့အတွက် ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက သူ့ကို လက်ထိပ်ခတ် အဝေးကို ခေါ်သွားခဲ့တာပါ။ စက်ရုပ်က “လွှတ်တော်အမတ်အဖွဲ့ရဲ့ ကိုင်တွယ်စီစဉ်မှုနဲ့ ဆန်းစစ်မှုတွေအတွက်” မဲပေးသူတွေရဲ့သဘောထားကို မှတ်တမ်းယူနေလို့ လူထုထဲကတဦးက ရဲကိုခေါ်လိုက်ပြီးနောက် စက်ရုပ်ကို ဖမ်းဆီးခဲ့တာလို့ ယူဆရကြောင်း သိရပါတယ်။ မျက်မြင်တဦးရဲ့အပြောအရ “ရဲတွေက စက်ရုပ်ကို လက်ထိပ်ခတ်ပြီး လူထုနဲ့ဝေးရာကို ခေါ်သွားတယ်၊ စက်ရုပ်ကတော့ ဘာမှပြန်လည်မခုခံဘူး” လို့ သိရပါတယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း စက်ရုပ်က စမ်းသပ်ခန်းကနေ ၂ ကြိမ်ထွက်ပြေးပြီး လမ်းမတွေပေါ်မှာ လျှောက်သွားနေလို့ သတင်းခေါင်းကြီးပိုင်းတွေမှာ ပါခဲ့ပါတယ်။ စက်ရုပ်က စမ်းသပ်ခန်းအပြင်ဘက် လမ်းမပေါ်မှာ ၁ နာရီကျော်ကြာရှိခဲ့ပြီး ကားတွေက ရှောင်ပြီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ အရောင်းမြှင့်တင်ရေးစက်ရုပ်ဟာ ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ တခြားစက်ရုပ်တွေနဲ့မတူ တမူထူးခြားတဲ့ စက်ရုပ်ဖြစ်ပြီး စားသုံးသူတွေနဲ့ ဆက်ဆံဖို့ တီထွင်ထားတာလို့ သိရပါတယ်။ စက်ရုပ်ကို လူသားတွေနဲ့ လက်တွေ့ကျကျ အမှန်တကယ် အပြန်အလှန်ဆက်ဆံဖို့ တီထွင်ထားပြီး မေးခွန်းတွေကို ဖြေနိုင်တယ်၊ သူတွေ့ခဲ့ဖူးသမျှ လူတွေကိုလည်း မှတ်မိတယ်လို့ သိရပါတယ်။
4 years Ago
Up