နာဘီကီတာ

January 9, 2019

ကွင်းလယ်လူ ကီတာ အကောင်းဆုံးခြေစွမ်းရရေး စိတ်ရှည်ကြရန် လီဗာပူးနည်းပြ ပြော

ကွင်းလယ်ကစားသမား နာဘီကီတာ အကောင်းဆုံးခြေစွမ်းရဖို့အတွက် စိတ်ရှည်ပေးကြဖို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ ဂီနီကွင်းလယ်လူ နာဘီကီတာဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဂျာမန်ကလပ် လိုက်ဇစ်အသင်းကနေ ပြောင်းရွှေ့လာတာပါ။ ကီတာဟာ အခုနှစ်ရာသီ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် ပါဝင်ကစားခွင့် မရခဲ့ဘဲ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ နာဘီကီတာနဲ့ ဆက်ဆံရေး အဆင်ပြေသလို သူလည်း အကောင်းဆုံး ကြိုးစားနေပေမယ့် ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ကစားနိုင်ဖို့အတွက်တော့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ကြိုးစားရဦးမယ်လို့ ဂျာဂန်ကလော့ပ်က ပြောပါတယ်။ ကီတာအနေနဲ့ အသင်းကို ရောက်ခါစမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဒဏ်ရာကနေ သက်သာလာချိန်မှာပဲ ရုန်းကန်ခဲ့ရတာဖြစ်တယ်လို့ ကလော့ပ်က ဆိုပါတယ်။ နာဘီကီတာဟာ လီဗာပူးအသင်းအတွက် စုစုပေါင်း ၁၈ ပွဲ ကစားထားပါတယ်။
3 years Ago
Up