နာပိုလီတိုက်စစ်မှူး မန်နိုလိုကို ဆောက်သမ်တန် ခေါ်ယူ

January 31, 2017

နာပိုလီတိုက်စစ်မှူး မန်နိုလိုကို ဆောက်သမ်တန် ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းက နာပိုလီတိုက်စစ်မှူး မန်နိုလို ဂါဘီယာဒီနီကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီကနေ့မှာ ဆောက်သမ်တန်အသင်းနဲ့ ဆေးစစ်မှုခံယူမှာ ဖြစ်ပါတယ်။ အီတလီတိုက်စစ်မှူးဟာ ဆမ်ဒိုးရီးယားအသင်းကနေ ၂၀၁၅ ခုနှစ်မှာ နာပိုလီကို ရောက်ရှိလာပြီး ပွဲပေါင်း ၅၅ ပွဲမှာ ၁၅ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့်လည်း ဂါဘီယာဒီနီဟာ နာပိုလီအသင်းမှာ ဒီနှစ်ရာသီအတွင်း ပုံမှန် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ သူဟာ အီတလီလက်ရွေးစင်အသင်းအတွက်တော့ ၆ ပွဲ ကစားခွင့်ရထားပါတယ်။ ဆောက်သမ်တန်ဟာ အသင်းမှာ အဓိကတိုက်စစ်မှူး ဒဏ်ရာရနေတဲ့အတွက် အသစ်ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
5 years Ago
Up