နာပိုလီကို အနိုင်ယူပြီး အင်တာ ကိုပါအီတာလီယာ ဆီမီးတက်

January 20, 2016

နာပိုလီကို အနိုင်ယူပြီး အင်တာ ကိုပါအီတာလီယာ ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

ဇန်န၀ါရီ ၁၉ ရက်နေ့က ယှဉ်ပြိုင်တဲ့ ကိုပါအီတာလီယာ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ အင်တာမီလန်က နာပိုလီကို အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေ ကျနေပေမယ့် အင်တာအတွက် ဂိုးတွေကို ဒုတိယပိုင်း ၇၄ မိနစ်မှာ ဂျိုဗက်တစ်နဲ့ မိနစ် ၉၀ မှာ ဂျာဂျစ်တို့က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ နာပိုလီကစားသမား မာတန် ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရသလို ၂ သင်း ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်းကတော့ သိပ်မကွာ ဖြစ်ခဲ့ပါတယ်။ နာပိုလီအသင်းက ပွဲ ၂၀ မှာ ဂိုး ၂၀ သွင်းထားတဲ့ ဟီဂူဟင်ကို အသုံးမပြုဘဲ မိနစ် ၇၀ မှ ပွဲထုတ်ကစားစေခဲ့တာပါ။ အင်တာမီလန်က ဇန်န၀ါရီ ၂၀ ရက်မှာ ကစားမယ့် လာဇီယိုနဲ့ ဂျူဗင်တပ်ပွဲက  အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ကစားရမှာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို ဇန်န၀ါရီ ၂၇ နဲ့ မတ် ၂ ရက်မှာ ၂ ကျော့ ကစားသွားမှာ ဖြစ်ပါတယ်။
6 years Ago
Up