နာပိုလီအသင်း ရိုးမားကို ရှုံးနိမ့်သည့်အတွက် စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ် ဆွတ်ခူး

April 26, 2016

နာပိုလီအသင်း ရိုးမားကို ရှုံးနိမ့်သည့်အတွက် စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ် ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၅ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေ ရိုးမားနဲ့ နာပိုလီပွဲစဉ်မှာ ရိုးမားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပြီး လက်ကျန်သုံးပွဲကစားဖို့ ကျန်နေသေးပေမယ့် ၁၂ မှတ် ကွာဟသွားတာကြောင့် ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဂျူဗင်တပ်အသင်း ချန်ပီယံ ဖြစ်သွားပါတယ်။ ရိုးမားနဲ့ နာပိုလီပွဲစဉ်မှာတော့ ပွဲချိန် ၈၉ မိနစ်မှာ နိုင်ဂိုလန်က ရိုးမားအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ နာပိုလီအသင်းက ၇၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာ၊ ရိုးမားအသင်းက ၇၁ မှတ်နဲ့ တတိယ၊ အင်တာက ၆၄ မှတ်နဲ့ စတုတ္တနေရာမှာ ရှိနေပြီး ဖီအိုရင်တီးနားကတော့ ၅၉ မှတ်နဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
6 years Ago
Up