နာပိုလီပွဲ

July 11, 2020

နာပိုလီပွဲ အိမ်ကွင်း၌ ပြန်ကစားခြင်းသည် မျှတဟု ဘာစီလိုနာနည်းပြပြော

နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်က အိမ်ကွင်းမှာ လက်ခံကစားရမှာက မျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ပြောပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာတားဖိုင်နယ်ကစပြီး ပေါ်တူဂီနိုင်ငံမှာ တကျော့တည်းစနစ်နဲ့ ကျင်းပသွားမှာပါ။  ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် ၄ ပွဲကိုတော့ ပေါ်တူဂီမှာ မကျင်းပဘဲ မူလက စီစဉ်ထားသလို သက်ဆိုင်ရာကွင်းအသီးသီးမှာ ယှဉ်ပြိုင်ဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တာပါ။  ဘာစီလိုနာအသင်းက ပထမအကျော့ပွဲစဉ်မှာ နာပိုလီနဲ့ ၁ ဂိုးစီ သရေကျထားပြီး ဒုတိယ အကျော့ အိမ်ကွင်းပွဲစဉ်ကို  သြဂုတ် ၈ ရက်မှာ လက်ခံကစားရမှာပါ။ နာပိုလီနဲ့ မကစားရသေးတာကြောင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲအတွက် မျှော်လင့်ချက်မထားခဲ့ကြောင်းလည်း နည်းပြဆက်တီယန်က ပြောပါတယ်။ မဲခွဲပွဲရလဒ်အရ ဘာစီလိုနာက နာပိုလီကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ပထမအကျော့မှာ ချဲလ်ဆီးကို ၃ ဂိုးပြတ် အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံရမှာ ဖြစ်ပါတယ်။
10 months Ago
Up