နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့် ရီးရဲလ်မက်ဒရစ် ထပ်မံအနိုင်ယူ

March 8, 2017

နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့် ရီးရဲလ်မက်ဒရစ် ထပ်မံအနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မတ်လ ၇ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က အဝေးကွင်းမှာ အီတလီကလပ် နာပိုလီကို ၃ ဂိုး ၁ ဂိုးနဲ့ ထပ်မံအနိုင်ရသွားပါတယ်။ ဒီပွဲမှာ နာပိုလီအတွက် ဦးဆောင်ဂိုးကို ၂၄ မိနစ်မှာ မာတန်းစ်က သွင်းယူပါတယ်။ ရီးရဲလ်အတွက် ချေပဂိုးကို ၅၁ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ရာမို့စ်က ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ နာပိုလီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ ရီးရဲလ်က တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာတို့နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ ဒုတိယဂိုးကို ထောင့်ကန်ဘောကနေ ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်ကို မာတန်းစ် ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ရီးရဲလ်အတွက် အပိတ်ဂိုးကို မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး မော်ရာတာက သွင်းယူပါတယ်။ ရီးရဲလ်က နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး ၂ ဂိုးနဲ့အနိုင်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
5 years Ago
Up