နာပိုလီ

December 12, 2020

မက်ဆီအနေဖြင့် နာပိုလီကိုပြောင်းပြီး မာရာဒိုနာကို ဂုဏ်ပြုပေးသင့်ဟု ဘိုတန် တိုက်တွန်း

အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္ထင်ကစားသမားကြီး မာရာဒိုနာကို ဂုဏ်ပြုဖို့အတွက်မက်ဆီအနေနဲ့ နာပိုလီအသင်းကို ပြောင်းကစားသင့်တယ်လို့ ကီဗင်ပရင့်စ်ဘိုတန်က တိုက်တွန်းလိုက်ပါတယ်။ သမိုင်းတလျှောက် အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မာရာဒိုနာဟာ ပြီးခဲ့တဲ့လမှာ နှလုံးရောဂါဖောက်ပြီး အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မာရာဒိုနာဟာ ၁၉၈၄ ခုနှစ်မှာ ဘာကာအသင်းကနေ နာပိုလီအသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းမှာ ကစားခဲ့တဲ့ ၃ နှစ်တာကာလအတွင်း အသင်းကို စီးရီးအေဖလားရရှိဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် နာပိုလီအသင်းကလည်း သူတို့ရဲ့အိမ်ကွင်းနာမည်ကို စတာဒီယို ဒီယေဂို အာမန်ဒို မာရာဒိုနာလို့ ပြောင်းလဲကာ ကစားသမားကို ဂုဏ်ပြုခဲ့ပါတယ်။ မက်ဆီဟာလည်း ပြီးခဲ့တဲ့လ အိုဆာဆူနာနဲ့ပွဲမှာ ဂိုးသွင်းယူပြီးတဲ့နောက် သူ့ရဲ့ ဘာကာအင်္ကျီအောက်မှာ ဝတ်ဆင်ထားတဲ့ မာရာဒိုနာရဲ့ နံပါတ်နဲ့ နယူးဝဲလ်အိုးဘွိုင်းဂျာစီကို ပြသ အောင်ပွဲခံခဲ့ပါတယ်။  ဒါပေမဲ့ မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဘိုတန်ကတော့ မက်ဆီအနေနဲ့ တနိုင်ငံတည်းသား ဘောလုံးသူရဲကောင်းအတွက် ဒီထက်ပိုပြီး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။  “မက်ဆီနဲ့ မာရာဒိုနာတို့ နှစ်ဦးကို နှိုင်းယှဉ်တာမျိုး မကြာခဏ ကြားရလေ့ရှိပါတယ်။ ဒါကြောင့် မက်ဆီကို ဒီလိုလုပ်ပေးဖို့ ကျနော် တောင်းဆိုရတာပါ” လို့ ဘိုတန်က ပြောပါတယ်။ ဘိုတန်ဟာ လက်ရှိအချိန်မှာ ဘာလော့တယ်လီနဲ့အတူ စီးရီးဘီကလပ် မွန်ဇာအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ “မက်ဆီအနေနဲ့ ဘာကာနဲ့ စာချုပ်သက်တမ်းကုန်သွားရင် နာပိုလီအသင်းကို သွားသင့်ပါတယ်။ သူကိုယ်တိုင် နာပိုလီဥက္ကဋ္ဌကို ဖုန်းခေါ်ပြီး လာမယ်ဆိုတဲ့အကြောင်းကို ပြောရင် ပိုကောင်းပါတယ်။ သူတို့ဘက်က နံပါတ် ၁၀ ကို အနားပေးလိုက်တယ်ဆိုရင်တောင် ကျနော်ကတော့  ပိုက်ဆံအကြောင်းကို မတွေးဘဲ နှလုံးသားနဲ့ နာပိုလီမှာ ၁ နှစ်၊ ၂ နှစ်လောက် ကစားပြီး မာရာဒိုနာရဲ့ နံပါတ် ၁၀ ကို ဂုဏ်ပြုချင်ပါတယ်။ အဲဒီနောက် နာပိုလီနဲ့ ဖလားတွေ ဆွတ်ခူးနိုင်မယ်ဆိုရင် မက်ဆီဟာ ရုပ်ရှင်ထဲမှာပဲ မြင်တွေ့ရတဲ့ ဇာတ်လမ်းတွေထဲကလို အထွတ်အထိပ်ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ကျနော်သာ မက်ဆီသာဆိုရင် ဒီအကြောင်းကို စဉ်းစားမှာ ဖြစ်ပါတယ်။ အခုလက်ရှိအနေအထားမှာ မက်ဆီဟာ ကလပ်အသင်းနဲ့အတူ အရာအားလုံးကို ဆွတ်ခူးပြခဲ့ပြီး ဖြစ်တာကြောင့် သူ့ကစားသမားဘဝကို တမူထူးခြားနဲ့ပုံစံနဲ့ အဆုံးသတ်သင့်ပါတယ်” လို့ ဘိုတန်က ပြောပါတယ်။ မက်ဆီဟာ သူ့နဲ့စာချုပ်သက်တမ်းကုန်ရင် ဘာကာအသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပြီး မန်စီးတီး ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းခံထားရသူ ဖြစ်ပါတယ်။
1 year Ago

December 5, 2020

နာပိုလီအသင်း၏အိမ်ကွင်းအမည်ကို မာရာဒိုနာကွင်းဟု ပြောင်းလဲသတ်မှတ်

အီတလီကလပ်နာပိုလီအသင်းဟာ အိမ်ကွင်းအမည်ကို ဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာကွင်း အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။  နိုဝင်ဘာ ၂၅ ရက်က နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ အသင်းရဲ့ကစားသမားဟောင်း မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအမည်ကိုပါ ပြောင်းလဲခဲ့တာပါ။  မူလက ဆန်ပါအိုလိုကွင်းလို့ အမည်ပေးထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မာရာဒိုနာကို ဂုဏ်ပြုတဲ့အနေနဲ့  ဒီယေဂို အာမန်ဒို မာရာဒိုနာကွင်းလို့ အမည်ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ မာရာဒိုနာဟာ ကစားသမားဘဝတုန်းက ၁၉၈၄ ကနေ ၁၉၉၁ ခုနစ်အထိ နာပိုလီအတွက် စုစုပေါင်း ၁၈၈ ပွဲအထိကစားခဲ့ပြီး ၈၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။  ဒါ့အပြင် နာပိုလီအသင်းအတွက် ပထမဆုံး အီတလီလိဂ်ချန်ပီယံဆုဖလားအပြင် နောက်ထပ်  အမှတ်ပေးချန်ပီယံ တစ်ကြိမ်လည်း ရယူနိုင်ခဲ့ပါတယ်။ 
1 year Ago
More News
Up