နာဒယ်လ်က

September 10, 2017

နာဒယ်လ်က ဒယ်ပေါ်တိုကို အနိုင်ယူပြီး ယူအက်စ်အိုင်းပန်းတင်းနစ်ဖိုင်နယ် တက်ရောက်

ယူအက်စ်အိုးပန်းတင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် အမျိုးသားတယောက်ခြင်းမှာ ကမ္ဘာ့နံပါတ်တစ် ရာဖေး နာဒယ်လ်က အာဂျင်တီးနားက ဂျုအန် မာတင် ဒယ်ပေါ်တိုကို အနိုင်ရ သွားပါတယ်။ အဆင့် ၂၄ ဖြစ်တဲ့ ဒယ်ပေါ်တိုက ပထမပွဲကို ၆ - ၄ နဲ့ အနိုင်ယူခဲ့ပြီး နောက်ပွဲတွေမှာတော့ အသက် ၃၁ နှစ်အရွယ် စပိန်သား နာဒယ်လ်က အနိုင်ယူသွားပါတယ်။ ဒုတိယပွဲမှာ နဒါးက ၆- ၀၊ တတိယပွဲမှာ ၆ - ၃ နဲ့ နောက်ဆုံးပွဲမှာ ၆ - ၂နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ နာဒယ်လ်ဟာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကို တတိယအကြိမ်မြောက် ရယူနိုင်ဖို့ နီးစပ်သွားပါတယ်။ ဗိုလ်လုပွဲမှာတော့ နာဒယ်လ်ဟာ တောင်အာဖရိကက အန်ဒါဆန်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ကမ္ဘာ့နံပါတ်တစ် နာဒယ်လ်ဟာ ယူအက်စ်အိုးပန်းမှာ ချန်ပီယံဖြစ်ရင် ၁၆ ကြိမ်မြောက် ဂရန်းစလန်း ဆုဖလားကို ရယူနိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up