ရုရှားမြို့တော် မော်စကိုရဲ့ အပြင်ဘက်က ပုဂ္ဂလိကပိုင် နာတာရှည် ဆေးရုံတရုံ မီးလောင်လို့ ဆေးရုံပိုင်ရှင်ကို ဖမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
မီးလောင်မှုမှာ သက်ကြီးနိုင်ငံသား ၉ ဦး မီးလောင်သေဆုံးပြီး တခြားသူ ၉ ဦး ဆေးရုံတင် ကုသခဲ့ရတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာချက် ထုတ်ပြန်ပါတယ်။
ညအချိန်လောင်တဲ့ ဒီမီးကို သံသယရှိတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပြီး ဘေးကင်းရေး စည်းမျဉ်းတွေကို ချိုးဖောက်ထားသလားဆိုတာ စုံစမ်းစစ်ဆေးမယ်လို့လည်း ပြောပါတယ်။
ခရက်စ်နိုဂေါ့ခ်စ်အရပ်က ဘိုးဘွားတွေအတွက် နာတာရှည်ဆေးရုံမှာ လျှပ်စစ်ဝါယာကြိုးဆင်တာ ပေါ့ဆလို့ ခုလို မီးလောင်ရတာလို့လည်း ပြောပါတယ်။
11 months Ago