ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ရွှေ ငွေ၊ ရတနာတွေအပြည့်နဲ့ နာဇီရထားတစင်း ၀ှက်ထားတယ်လို့ ယုံကြည်ရတဲ့နေရာမှာ ရတနာသိုက် ရှာဖွေသူတွေ တူးဖော်နေကြပါတယ်။
ကျွမ်းကျင်သူတွေကတော့ အဲ့ဒီနေရာမှာ ရထားရှိတဲ့ အထောက်အထား မရှိဘူးလို့ ပြောဆိုကြပါတယ်။
ဒီအဖွဲ့ကို ဦးဆောင်နေတဲ့ ပိုလန်နိုင်ငံသားတဦးနဲ့ ဂျာမနီနိုင်ငံသား တဦးတို့ကတော့ အဆင့်မြင့်နည်းပညာနဲ့ တွက်ချက်မှုတွေအရ အတော်လေး ဖြစ်နိုင်တာ တွေ့ရတယ်လို့ ပြောဆိုကြတာပါ။
ဒီအဖိုးတန်ရထားဟာ ၁၉၄၅ ခုနှစ်လောက်မှ ဆိုဗီယက်တပ်နီတွေက နာဇီနယ်မြေတွေကို သိမ်းပိုက်လာလို့ လိုဏ်ဂူတခုထဲမှာ ၀ှက်ထားတယ်ဆိုပြီး ယုံကြည်ကြတာပါ။
အခု ရှာဖွေတူးဖော်နေတဲ့ မြို့နားမှာ နာဇီဂျာမနီတွေ လိုဏ်ခေါင်းတွေ အများအပြား တူးဖော်ခဲ့ကြတာပါ။
လိုဏ်ခေါင်းတွေကတော့ ရှိနိုင်ပေမယ့် ရထားတွေ့ရှိတဲ့ အထောက်အထားကတော့ မတွေ့ရသေးဘူးလို့ ပိုလန်တောင်ပိုင်းက သိပ္ပံနဲ့ နည်းပညာပါမောက္ခတဦးက ပြောဆိုပါတယ်။
တူးဖော်နေတဲ့ အဖွဲ့ဝင်တဦးကတော့ လိုဏ်ခေါင်းတွေ့ရင် ရထားလမ်းရှိမရှိ၊ အရင်ရှာဖွေရမှာဖြစ်တယ်၊ ရထားလမ်းတွေ့ရင်တော့ ရထားလည်း ရှိနိုင်တယ်လို့ ပြောဆိုပါတယ်။
5 years Ago