နာဇီအမှတ်တရ

December 30, 2020

စပိန်တွင် လက်နက်မှောင်ခိုဂိုဏ်းကို ဝင်ဖမ်းရာက နာဇီအမှတ်တရ ပစ္စည်းများတွေ့ရှိ

စပိန်နိုင်ငံမှာ ရဲတပ်ဖွဲ့က သံသယဖြစ်ဖွယ်လက်နက်မှောင်ခိုတွေကို  ဝင်ဖမ်းရာကနေ ဝှက်ထားတဲ့ နာဇီအမှတ်တရ ပစ္စည်းတွေကိုပါ တွေ့ခဲ့တယ်လို့ အရပ်ဘက်အစောင့်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်မှာ ပြောပါတယ်။ လက်နက်မှောင်ခိုဂိုဏ်းတွေကို တစ်နှစ်ကြာ စုံစမ်းပြီးနောက်  ရဲတပ်ဖွဲ့က နေရာ ၃ ခုကို ဝင်စီးရာမှာ သေနတ်အလက် ၁၆၀ ၊  ကျည်ဆံ ၁၀,၀၀၀ နီးပါး နဲ့ ဖောက်ခွဲရေးပစ္စည်း ၁ ဒသမ ၅ ကီလိုဂရမ်ပါတဲ့ ကားဗုံးခွဲ လက်ပစ်ဗုံး တစ်လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။  လက်ယာစွန်းအုပ်စုနဲ့ အဆက်အသွယ်ရှိသူ အပါအဝင် ဂျာမန်နိုင်ငံသား နှစ်ဦး နဲ့ ဗြိတိန်နိုင်ငံသား တစ်ဦးတို့ကို စပိန်ရဲတပ်ဖွဲ့က   ဖမ်းမိခဲ့ပါတယ်။  သူတို့ကို လက်နက်မှောင်ခိုမှု ၊ မူးယစ်မှောင်ခိုမှုနဲ့ အထောက်အထား အတုလုပ်မှုတို့နဲ့ စွဲချက်တင်ထားပါတယ်။ ဒါ့အပြင်  ရဲတပ်ဖွဲ့ စီးနင်းတဲ့ ဂိုဒေါင်ထဲမှာ  နာဇီအမှတ်တရပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲမှာ အဒေါ့ဟစ်တလာရဲ့ပုံတူပန်းချီတွေနဲ့  နာဇီခေတ် ဂျာမန်စစ်ယူနီဖောင်းတွေကို ရဲတပ်ဖွဲ့က ပြသခဲ့ပါတယ်။
10 months Ago
Up