နာဇီ

October 7, 2021

တကျော့ပြန် နာဇီ ရာဇဝတ်မှုများမဖြစ်စေရေး ယူကရိန်းနှင့် အစ္စရေးသတိပေး

နာဇီတွေရဲ့ရာဇဝတ်မှုတွေ တကျော့ပြန် ဖြစ်မလာဖို့ ယူကရိန်းနဲ့ အစ္စရေး နှစ်နိုင်ငံ ခေါင်းဆောင်တွေက  အောက်တိုဘာ ၅ ရက်မှာ သတိပေးလိုက်ပါတယ်။

ဘာဘင်ယာ လူသတ်ပွဲမှာ သေဆုံးခဲ့ကြတဲ့ ဂျူးလူမျိုးတွေကို အမှတ်ရ အောက်မေ့ပွဲကို မတက်ခင် ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက ခုလို ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံမှာ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း မြို့တော် ကိယက်ဗ်နားက ဘာဘင်ယာလျှိုထဲမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို လာရောက်တဲ့ အစ္စရေးသမ္မတ အိုင်းဆတ် ဟာဇော့ဂါကို ယူကရိန်း သမ္မတက ကြိုဆိုခဲ့ပါတယ်။

ဘာဘင်ယာလူသတ်ပွဲဟာ နာဇီဂျာမန်တပ်တွေက ဂျူးလူမျိုးတွေကို တကြိမ်တည်းနဲ့ အများဆုံး သတ်ဖြတ်မှုတွေထဲက တခုပါ။ ဇေလန်စကီကတော့ ယူကရိန်းရဲ့ ပထမဆုံး ရွေးကောက်ခံ ဂျူးလူမျိုး သမ္မတ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် လူသတ်တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ဘယ်တော့မှ ထပ်မဖြစ်စေဖို့ အစ္စရေး သမ္မတနဲ့အတူ သူက တိုက်တွန်းခဲ့ပါတယ်။

အရင်အပတ်က ယူကရိန်း လွှတ်တော်ဟာ ဆီမိုက် မျိုးနွယ်စုဆန့်ကျင်ရေးကို အဓိပ္ပာယ် ဖွင့်ဆိုထားပြီး ဂျူးဆန့်ကျင်ရေး အမုန်းစကားအတွက် ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ ဥပဒေတရပ်ကို အတည်ပြုခဲ့ပါတယ်။ 

2 weeks Ago

October 16, 2019

နာဇီအလေးပြုသည့်ပုံစံ လှောင်ပြောင်ခဲ့သည့် ဘူဂေးရီးယား ဘောလုံး ပရိသတ် ၄ ဦးကို ဖမ်းဆီး

အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုများနှင့်  နာဇီ အလေးပြုသည့်ပုံစံ လှောင်ပြောင်ခဲ့ကြတဲ့ ဘူဂေးရီးယား ပရိသတ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်ကို ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့မှာ ကျင်းပခဲ့တာပါ။ အင်္ဂလန်အသင်းက အဝေးကွင်းမှာ ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ပွဲချိန်အတွင်းမှာ အင်္ဂလန်အသင်းရဲ့ လူမည်း ကစားသမားတွေကို ဘူဂေးရီးယား ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် အင်္ဂလန်အသင်းကို လှောင်ပြောင်တဲ့အနေနဲ့ နာဇီ စစ်သားတွေ အလေးပြုတဲ့ ပုံစံလည်း ပွဲကြည့်စင်ကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို လူမျိုးရေးခွဲခြားမှုနဲ့ လှောင်ပြောင်ခဲ့တဲ့ ပရိသတ် ၄ ဦးကို ဘူဂေးရီးယားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။  အဲဒီလို ပြဿနာတွေနဲ့အတူ ရလဒ်ဆိုးရွားမှုတွေကြောင့် ဘူဂေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟာလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
2 years Ago
More News
Up