နာဆာလွန်းပျံယာဉ် ဆင်းသက်ရာတွင် အသုံးပြုမည့် လေထီးစမ်းသပ် (ရုပ်သံ)

March 11, 2017

နာဆာလွန်းပျံယာဉ် ဆင်းသက်ရာတွင် အသုံးပြုမည့် လေထီးစမ်းသပ် (ရုပ်သံ)

အရီဇိုးနားပြည်နယ်ထဲက အမေရိကန်စစ်တပ်ရဲ့ ယူမာ-စစ်တပ်လေ့ကျင့်ရေးကွင်းမှာ မတ်လ ၈ ရက်နေ့က  အော်ရီရွန်  အမည်ရှိ နာဆာ (NASA) လွန်းပျံယဉ် ပြန်လည်ဆင်းသက်ရာမှာ အသုံးပြုမယ့် လေထီးကို စမ်းသပ်ခဲ့ပါတယ်။ အော်ရီရွန်ဟာ အာကာသယာဉ်မှူးတွေကို တစ်ရက်တည်းနဲ့ မားစ်ဂြိုဟ်ကိုပို့ပေးနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ C-17 လေယာဉ်ပျံနဲ့ အော်ရီရွန်နဲ့ ပုံစံတူ ယာဉ်ပျံတုကို သယ်ဆောင်သွားပြီး အမြင့်ပေ ၂၅,၀၀၀ ကနေလွှတ်ချကာ စမ်းသပ်နေတာ ဖြစ်ပါတယ်။ အော်ရီရွန် ပြန်လည်ဆင်းသက်လာတဲ့အခါမှာ ကမ္ဘာပေါ်ကို အန္တရာယ်ကင်းကင်းရောက်ရှိနိုင်ဖို့ လေထီးသုံးဖို့ လိုတယ်လို့ NASA က ပြောပါတယ်။
5 years Ago
Up