နာဆရီ

January 2, 2019

ကွင်းလယ်လူ နာဆရီကို ဝက်စ်ဟမ်း အငှားဖြင့်ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ကွင်းလယ်ကစားသမား နာဆရီကို အငှားနဲ့ ခေါ်ယူလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟောင်း နာဆရီဟာ တားမြစ်ဆေးသုံးတဲ့အတွက် တနှစ်ကြာ ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပြီး အခုခါမှာတော့ ပြစ်ဒဏ်ကနေ လွတ်မြောက်လို့ ဘောလုံး ပြန်ကစားနိုင်တော့မှာပါ။ ဝက်စ်ဟမ်းက နာဆရီကို ၂၀၁၈၊ ၂၀၁၉ ရာသီကုန်အထိ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် နာဆရီဟာ တူရကီကလပ် အန်တယ်ယာစပါအသင်းမှာ နောက်ဆုံး ကစားခဲ့ပါတယ်။ သူဟာ  အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးအသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ နာဆရီဟာ မန်စီးတီးမှာ ကစားတဲ့ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။ ကွင်းလယ်ကစားသမား နာဆရီဟာ အာဆင်နယ်မှာတော့ ၂၀၀၈ ကနေ ၂၀၁၁ အထိ ကစားခဲ့ဖူးပါတယ်။
3 years Ago

November 14, 2018

မန်စီးတီးကစားသမားဟောင်း နာဆရီ ဝက်စ်ဟမ်းနှင့် စာချုပ်တော့မည်

အာဆင်နယ်နဲ့ မန်စီးတီး ကစားသမားဟောင်း ဆမ်မီနာဆရီဟာ တပတ်လုပ်ခ ပေါင် ၉၅၀၀၀ နဲ့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ စာချုပ် ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ အာဆင်နယ်ပရိသတ်တွေရဲ့ အမုန်းစာရင်းဝင် ကစားသမားဖြစ်ခဲ့တဲ့ နာဆရီဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာတာဖြစ်ပြီး တနှစ်လုပ်ခ ပေါင် ၅ သန်းထိရဖို့ ရှိနေပါတယ်။ နာဆရီဟာ ဦးစွာ ဘောလုံးရာသီ မပြီးဆုံးမီ ၆ လစာချုပ် ချုပ်ဆိုမှာဖြစ်ပြီး အဲ့ဒီကမှတဆင့် နောက်ထပ်စာချုပ် ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ တားမြစ်ဆေးသုံးစွဲမှုကြောင့် ၁၈ လကြာ ကစားခွင့် ပိတ်ပင်ခံထားရတဲ့ နာဆရီဟာ အသင်းနဲ့အတူ မကြာခင်မှာ လေ့ကျင့်ရေးဆင်းခွင့် ရှိပေမယ့်လည်း ၂၀၁၉ လဆန်းမှသာ ပြိုင်ပွဲကစားခွင့်ရမှာလည်း ဖြစ်ပါတယ်။ နာဆရီဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က အာစင်ဝင်းဂါးရဲ့ အချစ်တော်ကစားသမား ဖြစ်သလို သူ့ရဲ့အသက်အရွယ်နဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ရခဲ့သူပါ။ ဒါပေမယ့်လည်း မန်စီးတီးရဲ့ လုပ်ခလစာ အများအပြားနဲ့ ကမ်းလှမ်းတဲ့စာချုပ်ကို နည်းပြကြီး အာစင်ဝင်းဂါး တားနေတဲ့ကြားက လက်ခံခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေဟာ သူ့ကို Na$ari ဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။ ငွေကြေးနောက်လိုက်ခဲ့တဲ့ နာဆရီဟာ မန်စီးတီးအသင်းမှာ ကံဆိုးစွာ ဒဏ်ရာရပြီး ဆီဗီလာအသင်းထံ ရောက်ခဲ့ပါတယ်။ လောစ့်အိန်ဂျလိစ်မှာ အကြောဆေးသွင်းခဲ့တာကနေ တားမြစ်ဆေးသုံးစွဲတဲ့ပြစ်မှု မြောက်ခဲ့ပြီး ၁၈ လကြာ ကစားခွင့် ပိတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနားရနေတဲ့ နာဆရီအနေနဲ့ လန်ဒန်ကလပ်မှာ ခြေစွမ်းပြနိုင်မလားဆိုတာ ဘောလုံးအသိုင်းအဝိုင်းကတော့ စိတ်ဝင်စားနေကြပါတယ်။
3 years Ago
More News
Up