နာဂျပ်ဖ်

May 4, 2020

အိုင်အက်စ်လက်ချက်ကြောင့် သေဆုံးခဲ့သည့် အီရတ်ပြောက်ကျားတပ်ဖွဲ့ဝင် ဈပန ကျင်းပ

အီရတ်နိုင်ငံက ထင်ရှားတဲ့ PMF ပြောက်ကျားတပ်ဖွဲ့ဝင်အတွက် ဈာပနကို ဘာသာရေး မြို့ နာဂျပ်ဖ်မှာ မေလ ၂ရက်က ကျင်းပပါတယ်။  သူဟာ မေဒေးနေ့မှာ အိုင်အက်စ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ။  PMF တပ်ဖွဲ့ဝင်တွေက ဆုတောင်းသီချင်းတွေဆိုရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း လမ်းတွေ တလျှောက်မှာ ခေါင်းတလားကို သယ်လာခဲ့ကြပါတယ်။  PMF ဟာ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဦးဆောင် ထိပ်သီးအဖွဲ့လည်း ဖြစ်ပါတယ်။ ပြည်သူ့စစ်တွေရဲ့စစ်ဆေးရေးစခန်းတခုအပါအဝင် နေရာတချို့မှာ  အိုင်အက်စ် စစ်သွေးကြွ တွေနဲ့ ထိပ်တိုက်တွေ့လို့ မေလ ၁ ရက်က (PMF) တပ်ဖွဲ့ဝင် ဆယ်ယောက် သေဆုံးတယ်လို့ အီရတ် လုံခြုံရေး မီဒီယာကော်မတီက စနေနေ့မှာ ပြောပါတယ်။  အီရတ်တပ်တွေနဲ့ ရှီးယိုက် မွတ်စလင်ပြည်သူ့စစ်အုပ်စုတွေဟာ ဆွန်နီမွတ်စလင် အိုင်အဲ့စ် စစ်သွေးကြွတွေနဲ့ တိုက်နေတာ ၂ နှစ်ကျော်ပါပြီ။  အိုင်အဲ့စ်တွေဟာ အီရတ်နိုင်ငံထဲက သူတို့ရဲ့ ပိုင်နက်တွေကို ဆုံးရှုံးမှုကို ရင်ဆိုင်နေရပါတယ်။
12 months Ago
Up