နာဂေါ်နို-ခါရာဘတ်ခ်ဒေသ ပဋိပက္ခကို စစ်ရေး ဒါမှမဟုတ် နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့ အဇာဘိုင်ဂျန် သမ္မတက အောက်တိုဘာလ ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံကို မိန့်ခွန်းပြောရာမှာ သမ္မတ အီဟမ်အာလီယက်က “ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တယ်ဆိုရင် တိုက်ပွဲတွေ ရပ်သင့်တယ်။ ဒါပေမဲ့ အဇာဘိုင်ဂျန် မြေပေါ်က အာမေးနီးယား တပ်တွေ ဆုတ်ခွာရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
နာဂေါ်နို-ခါရာဘတ်ခ်ဒေသ ပဋိပက္ခကြောင့် လူ ၅,၀၀၀ နီးပါး သေဆုံးလောက်ပြီလို့ ရုရှား သမ္မတပူတင်က ပြောဆိုဖူးပါတယ်။
ရုရှား ကြားဝင်ဆောင်ရွက်တဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း တိုက်ပွဲသစ်တွေကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုကလည်း အာမေးနီးယား၊ အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးခြားတွေ့ဆုံပြီး သံတမန်နည်းအရ ပဋိပက္ခဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago