နာဂါဆာကီမြို့ အဏုမြူဗုံးဒဏ်သင့်ခြင်း ၇၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

August 10, 2017

နာဂါဆာကီမြို့ အဏုမြူဗုံးဒဏ်သင့်ခြင်း ၇၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

ဂျပန်နိုင်ငံ နာဂါဆာကီမြို့မှာ အဏုမြူဗုံးဒဏ်သင့်ခြင်း ၇၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၉ ရက်နေ့က နာဂါဆာကီရင်ပြင်မှာ ကျင်းပခဲ့ပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ဒေသခံပြည်တွေနဲ့ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက “ဟောဒီ နာဂါဆာကီ ထာဝရငြိမ်းချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ကျနော့်အနေနဲ့ နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်အောင် ကြိုးပမ်းပါ့မယ်လို့ ထပ်လောင်းအတည်ပြု ပြောကြားလိုပါတယ်။ တချိန်တည်းမှာပဲ အဏုမြူဗုံးကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ၊ ဒီအခမ်းအနား တက်ရောက်လာသူတွေနဲ့ နာဂါဆာကီ မြို့သူမြို့သားတွေ အားလုံး စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျနော် ဆုတောင်းမေတ္တာ ပို့သပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ နာဂါဆာကီမြို့တော်ဝန်က “ယနေ့ကမ္ဘာမှာ နျူကလီးယား ဒုံးလက်နက်ပေါင်း ၁၅၀၀၀ နီးပါး ရှိနေပါတယ်။ နျူကလီးယား ဒုံးလက်နက်တွေ ဝန်းရံနေတဲ့ နိုင်ငံတကာမှာ အခြေအနေ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ နျူကလီးယား ဒုံးလက်နက်တွေကို အသုံးပြုနိုင်တယ်ဆိုတဲ့ ကြောင့်ကြစိတ်တွေဟာလည်း အားကောင်းလာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့တွေကို အမေရိကန်တို့က အဏုဗုံး ကြဲချခဲ့တဲ့အတွက် နာဂါဆာကီမြို့မှာ လူတသိန်းခွဲကျော် သေဆုံးခဲ့ရပါတယ်။
4 years Ago
Up