နာကာဆာကီ

August 16, 2021

နာကာဆာကီတွင် မြေပြိုသဖြင့် လူ ၂ ဦး ပျောက်ဆုံး

ဂျပန်နိုင်ငံ၊ နာကာဆာကီခရိုင်က၊ အွန်းဇန်မြို့မှာ မြေပြိုပြီး ဒေသခံ ၂ ယောက် ပျောက်နေလို့ ဆက်ပြီး ရှာဖို့ကယ်ဆယ်ရေးလုပ်သား အယောက် ၂၃၀ ကို ဂျပန်အစိုးရက သြဂုတ် ၁၆ ရက်မှာ တာဝန်ချထားလိုက်ပါတယ်။

သြဂုတ် ၁၃ ရက်က မြေပြိုလို့ အိမ်၂လုံး ပါသွားခဲ့တာမှာ အိမ်တစ်လုံးထဲမှာ နေတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ အသက် ၆၇ နှစ်အရွယ် ခင်ပွန်းနဲ့ အသက် ၃၂နှစ်အရွယ် သမီးတို့ ပျောက်နေဆဲပါ။

 ဂျပန်တောင်ပိုင်း ကျူးရှူးကျွန်းရဲ့ နေရာအနှံ့ တနင်္လာနှောင်းပိုင်းမှာ မိုးပိုရွာမယ်လို့ ခန့်မှန်းထားသလို ဒေသတချို့မှာ မိုးကြီးပြီး မြေပြိုမယ့် သတိပေးချက် ထုတ်ပြန်ထားတယ်လို့ ဂျပန်ရုပ်သံ NHK ကထုတ်လွှင့်ပါတယ်။

3 months Ago
Up