နရင်ဒြာမိုဒီ

November 29, 2020

ကိုဗစ်ကာကွယ်ဆေး စမ်းသပ်နေသည့် ထိပ်တန်းနေရာများသို့ အိန္ဒိယဝန်ကြီးချုပ် သွားရောက်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ နိုင်ငံအတွင်း ကာကွယ်ဆေး တီထွင်စမ်းသပ်နေတဲ့ ထိပ်တန်းနေရာ ၃ ခုကို နိုဝင်ဘာ ၂၈ ရက်က သွားရောက်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြီးနောက် ကမ္ဘာ့ဒုတိယအဆိုးဆုံး ကိုဗစ်-၁၉ ကပ်ရောဂါ ခံစားနေရတဲ့နိုင်ငံ ဖြစ်ပြီး စနေနေ့ထိ ကူးစက်ခံ ၉ ဒသမ ၃၅ သန်း ရှိနေပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းရှိရာ မဟာရတ်ရှ်ထျာပြည်နယ်ဟာ ဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံနေရပြီး ပြည်နယ်ထဲမှာ ကူးစက်ခံ ၁ ဒသမ ၆၈သန်း ရှိနေလို့ အီတလီ၊ စပိန်နဲ့ ဗြိတိန်နိုင်ငံတွေက ကူးစက်ခံ အရေအတွက်တွေထက် သာလွန်များပြားနေပါတယ်။ မိုဒီကတော့ အာမဒ်ဒါဘဒ်မြို့က ဇီးဒတ်စ်ကာဒီလာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ နိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘဒ်မြို့က ဘာရတ် ဘိုင်အိုတက်ခ်ဆေးဝါးလုပ်ငန်းနဲ့ နိုင်ငံ အနောက်ပိုင်း ပူးနေးမြို့က ဆီရမ်အင်စတီကျုတို့ဆီ သွားရောက်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးတွေကို စမ်းသပ်နေကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကာကွယ်ဆေးကို စမ်းသပ်လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သူ အိန္ဒိယ ဆီရမ်အင်စတီကျုဟာ AstraZeneca နဲ့ နိုဗာဗက်စ် အင်တာနေရှင်နယ် ကုမ္ပဏီကြီးတွေ အပါအဝင် ကမ္ဘာ့ကာကွယ်ဆေး ထုတ်လုပ်သူတွေနဲ့ မိတ်ဖက်ပြုထားပြီး စမ်းသပ်ဆဲ ကာကွယ်ဆေးတွေကို ပြည်တွင်းမှာ စမ်းသပ်နေပါတယ်။ အတည်ပြုချက် ရပြီးရင် ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။  ဇီးဒတ်စ် ကာဒီလာကတော့ မျိုးဗီဇအခြေပြု ကာကွယ်ဆေးကို တီထွင်နေပြီး ပုဂ္ဂလိကပိုင် ဘာရတ်ဘိုင်အိုတက်ခ်ကတော့ အိန္ဒိယ ဆေးသုတေသနကောင်စီနဲ့အတူ ကိုဗာဆင်လို့ ခေါ်တဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေးကို တီထွင်ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ တလ၊ နှစ်လအတွင်းမှာ ကိုဗာဆင်ရဲ့ နောက်ဆုံး စမ်းသပ်မှုတွေ ပြီးဆုံးဖို့ အိန္ဒိယ အစိုးရက မျှော်လင့်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ဒီလ အစောပိုင်းမှာ ပြောထားပါတယ်။
1 year Ago
Up