ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက် နှိပ်စက်သတ်ဖြတ်တဲ့ကာလအတွင်း ဟန့်တားတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့မိတဲ့အတွက်နဲ့ နိုင်ငံရဲ့ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍအတွက်ပါ ဝမ်းနည်းမိတယ်လို့ နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရူတေက ဇန်နဝါရီ ၂၆ ရက်မှာ ပြောဆိုတောင်းပန် လိုက်ပါတယ်။
ဒါကြောင့် သူဟာ ဂျူးတွေကို အစုလိုက်သတ်ဖြတ်နှိပ်စက်မှုနဲ့ ပတ်သက်ပြီး တရားဝင် တောင်းပန်တဲ့ ပထမဆုံးနယ်သာလန်ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
“ကျနော်တို့ထဲမှာ နောက်ဆုံးကျန်ရစ်တဲ့ ရှင်သန်ကျန်ရစ်သူနဲ့အတူ ရှိချိန်မှာ အဲဒီအချိန်က အစိုးရရဲ့ လုပ်ရပ်အတွက် အစိုးရရဲ့ ကိုယ်စား ကျနော် တောင်းပန်ပါတယ်” လို ရူတေက ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ ကျရောက်တဲ့ အော့စ်ဝစ်ချ်သေမင်းတမန်စခန်းကနေ လွတ်မြောက်ခြင်း ၇၅ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမ်စတာဒမ်မြို့မှာ ကျင်းပတဲ့အခမ်းအနားအတွင်း သူက ခုလို ပြောခဲ့တာပါ။
ဂျာမန်တွေ သိမ်းပိုက်ထားချိန်က ဂျူးနဲ့ တခြား တိုင်းရင်းသားလူမျိုးစုတွေကို ဖိစီးနှိပ်စက်မှု အတွင်း နယ်သာလန်ရဲ့ အခန်းကဏ္ဍကို အပြစ်တင်မခံရအောင် အရင်အစိုးရတွေက ကာကွယ်ခဲ့တာ ပါ။
ဒုတိယကမ္ဘာစစ်အတွင်း ရက်စက်မှုတွေကြားကနေ ရှင်သန်ခဲ့တဲ့ ဂျူးတွေ ထိန်းသိမ်းရေး စခန်းတွေကနေ အိမ်ပြန်ချိန်မှာ ဆက်ဆံပုံနဲ့ပတ်သက်ပြီး အရင်နယ်သာလန်အစိုးရတွေက တောင်းပန်ခဲ့ဖူးပါတယ်။
ဂျူးတွေကို အစုလိုက်သတ်ဖြတ်မှုအတွင်း ဥရောပက ဂျူးလူမျိုးစုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တဲ့ ဂျူး ၆ သန်း အသတ်ခံခဲ့ရပြီး နယ်သာလန်နိုင်ငံထဲမှာ ဂျူးလူမျိုး အယောက် ၁၂၀၀၀၀ လောက် အသတ်ခံခဲ့ရပါတယ်။
1 year Ago