နယ်သာလန်မြို့

August 11, 2019

နယ်သာလန်မြို့တော်မှာ လေကတော့ဝဲ တိုက်ခိုက်မှုဖြစ်ပွား

အမ်စတာဒမ်မြို့လယ်ခေါင်မှာ သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့တဲ့ လေဆင်နှာမောင်းလို လေကတော့ဝဲ တိုက်ခိုက်မှုတခုကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တွေ လူမူကွန်ရက်မှာ ပေါ်ထွက်လာခဲ့ ပါတယ်။  ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် နယ်သာလန် မြို့တော်မှာ မိုးသက်မုန်တိုင်း တွေဖြစ်ပေါ်ခဲ့ပြီး ဒီလိုမျိုးလေကတော့ ဝဲတွေဟာ နိုင်ငံရဲ့ တချို့အစိတ်အပိုင်းတွေမှာပေါ်ပေါက် လာနိုင်တယ်လို့ နယ်သာလန်နိုင်ငံရဲ့ တော်ဝင်မိုးလေဝသဌာန (KNMI) ကထုတ်ပြန်ကြေညာထားပါ တယ်။  ရာသီဥတုအခြေအနေကြောင့် လေပြင်းတိုက်ခိုက်ခြင်းတွေဟာလည်း ဆက်လက်ပေါ်ပေါက် လာနိုင်တယ်လို့ ကြေညာချက်မှာ ‌ဖော်ပြထားပါတယ်။
Zawgyi Version နယ္သာလန္ၿမိဳ႕ေတာ္မွာ ေလကေတာ့ဝဲ တိုက္ခိုက္မႈျဖစ္ပြား DVB အမ္စတာဒမ္ၿမိဳ႕လယ္ေခါင္မွာ ၾသဂုတ္ ၉ ရက္က ျဖစ္ပြားခဲ့တဲ့ ေလဆင္ႏွာေမာင္းလို ေလကေတာ့ဝဲ တိုက္ခိုက္မႈတခုကို မွတ္တမ္းတင္ထားတဲ့ ဗီဒီယိုဖိုင္ေတြ လူမူကြန္ရက္မွာ ေပၚထြက္လာခဲ့ ပါတယ္။ ျပင္းထန္တဲ့ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ေၾကာင့္ နယ္သာလန္ ၿမိဳ႕ေတာ္မွာ မိုးသက္မုန္တိုင္း ေတြျဖစ္ေပၚခဲ့ၿပီး ဒီလိုမ်ိဳးေလကေတာ့ ဝဲေတြဟာ ႏိုင္ငံရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေတြမွာေပၚေပါက္ လာႏိုင္တယ္လို႔ နယ္သာလန္ႏိုင္ငံရဲ႕ ေတာ္ဝင္မိုးေလဝသဌာန (KNMI) ကထုတ္ျပန္ေၾကညာထားပါ တယ္။ ရာသီဥတုအေျခအေနေၾကာင့္ ေလျပင္းတိုက္ခိုက္ျခင္းေတြဟာလည္း ဆက္လက္ေပၚေပါက္ လာႏိုင္တယ္လို႔ ေၾကညာခ်က္မွာ ‌ေဖာ္ျပထားပါတယ္။
2 years Ago
Up