ဂျပန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် တိုကျိုမြို့တော် ဒေသကို အရေးပေါ် အခြေအနေ ထုတ်ပြန် ထားရာက ဇန်နဝါရီ ၁၃ ရက်မှာတော့ နောက်ထပ် စီရင်စု ၇ ခုကိုပါ အရေးပေါ် အခြေအနေတိုးချဲ့ ကြေညာခဲ့ရပါတယ်။
အိုဆာကာ၊ ကျိုတိုနဲ့ တခြား ကူးစက်နှုန်းမြင့်တဲ့ စီရင်စုတွေက အုပ်ချုပ်ရေးမှူးတွေက အစိုးရကို အရေးပေါ် အခြေအနေ ကြေညာပေးဖို့ တောင်းဆိုခဲ့ကြအပြီး ခုလို အရေးပေါ်အခြေအနေ နယ်မြေ တိုးချဲ့ ကြေညာခဲ့ရတာပါ။
အရေးပေါ် ကြေညာချက်ကြောင့် ဒေသန္တရ အာဏာပိုင်တွေဟာ လူတွေ အသွားအလာနဲ့ စီးပွားရေးတို့ကို ဥပဒေနဲ့အညီ ထိန်းချုပ်နိုင်ခွင့်ရသွားကြပါတယ်။
အရေးပေါ် အခြေအနေ ကြေညာချက်ဟာ ဂျပန်ပြည်သူ ၁၂၆ သန်းထဲက ၅၅ ရာခိုင်နှုန်း အပေါ် သက်ရောက်မှုရှိပြီး ဖေဖော်ဝါရီ ၇ရက်ထိ အကျုံးဝင်ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာချက်ဟာ လူတွေ အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းထားပြီး စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ကူးစက်မှုကို ထိန်းချုပ်ဖို့ အဓိက ရည်ရွယ်ထားပါတယ်။
2 months Ago