နယ်စပ်ဝင်ထွက်ပေါက်

A d v e r t i s e m e n t With Us

March 10, 2020

မြန်မာ-အိန္ဒိယ နယ်စပ်ဝင်ထွက်ပေါက်ကို အိန္ဒိယနိုင်ငံဘက်က စတင်ပိတ်

မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေးနယ်စပ်ဂိတ်အားလုံးကို အိန္ဒိယဘက်ကနေ မတ်လ ၁၀ ရက်နေ့မနက်ပိုင်းက စတင်ကာ ပိတ်လိုက်ပြီဖြစ်ပါတယ်။  ကိုရိုနာဗိုင်းပ်စ် COVID-19 ရောဂါပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့အတွက် မီဇိုရမ်ပါလီမန်က အစိုးရကိုတောင်းဆိုပြီးနောက် ခုလိုပိတ်ပင်လိုက်တာဖြစ်ပြီး  ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။ တမူးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက "သူတို့ဘက်က ပိတ်တာပါ။ ကြားတာတော့ အင်ဖာမှာ ၁၃ ယောက် သံသယဖြစ်တယ်။ ၁၁ ယောက်ကတော့ မဟုတ်ဘူး သိရတယ်။ ၂ ယောက်ကတော့ အဖြေမထွက်သေးဘူး။ ဒါကြောင့်ပိတ်တယ်ကြားတာပေါ့။ ကျနော်တို့လည်း ယာယီတော့ ပိတ်ထားတယ်။ ဒီမနက် ၁၀ နာရီ အစည်းဝေးလုပ်မယ်။"လို့ ပြောပါတယ်။ လတ်တလောမှာတော့ နန်းဖာလုံနယ်စပ်ဈေးမှာ အရောင်းအဝယ် ရပ်ဆိုင်းသွားပါတယ်။ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ မသိရတဲ့အတွက် ကုန်စည်စီးဆင်းမှုအပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ တမူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က "သူတို့ဘက်က ပိတ်လိုက်တာပေါ့။ ကျနော်တို့ဘက်ကတော့ ၂ လပိုင်းကတည်းက ကိုရိုနာ စောင့်ကြည့်ရေးတွေ နယ်စပ်ဂိတ် ၁၊ ၂တွေမှာ လုပ်ဆောင်နေပါတယ်။ ကြားကနေ ဝင်မလာ နိုင်အောင်လည်း လှည့်ကင်းတွေ၊ ရပ်ကင်းတွေ ချထားပါတယ်။"လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကတော့ နှစ်နိုင်ငံနယ်စပ်ဂိတ်တင်မက တခြား ဆက်စပ်နေတဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အိန္ဒိယဘက်ကို ကုန်စည်တင်ပို့မှုတွေ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။
12 months Ago
Up