နယ်စပ်ရွှေ့ပြောင်းသွားလာခွင့်

February 3, 2021

အမေရိကန်-မက္ကဆီကိုနယ်စပ် ရွှေ့ပြောင်းသွားလာခွင့် သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုး

အမေရိကန်-မက္ကဆီကို နယ်စပ် နိုင်ငံရေး ခိုလှုံခွင့်၊ တရားဝင်ရွှေ့ပြောင်းသွားလာခွင့်နဲ့ မိသားစု ပြန်ပေါင်းစည်းရေးနဲ့ဆိုင်တဲ့ သမ္မတ အမိန့် ၃ ခုကို သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ခိုလှုံခွင့်အလေးထားတဲ့ အမိန့်ဟာ ရွှေ့ပြောင်းသွားလာသူ အကာကအကွယ်ပေးရေး ပရိုတိုကော်လ် (MPP) ကို ပြန်သုံးသပ်ခွင့်ပြုသွားမှာပါ။

MPP အစီအစဉ်က ခိုလှုံခွင့်တောင်းခံသူ ၆၅,၀၀၀ ကို မက္ကဆီပြန်ပို့ပြီး အမေရိကန် တရားရုံး ကြားနာချက်တွေကို စောင့်ဆိုင်းစေတာပါ။ ဘိုင်ဒင်အစိုးရက အဲဒီအစီအစဉ်ထဲ လူတွေ ထပ်မံဖြည့်စွက်တာကို တားဆီးပေမယ့် စာရင်းသွင်းပြီးသား လူတွေနဲ့ပတ်သက်လို့ ဘယ်လို လုပ်သွားမလဲ ဆိုတာကို မဖော်ပြသေးပါဘူး။

နောက်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်မှာ တကွဲတပြားဖြစ်နေတဲ့ ရွှေ့ပြောင်းသွားလာသူ မိသားစုဝင်တွေ ပြန်ပေါင်းစည်းရေးအတွက် ဘိုင်ဒင်က အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ 

အဲဒီအဖွဲ့ကို အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို-မာယောကော့စ်က ဦးဆောင်ပြီး တကွဲတပြား ဖြစ်နေတဲ့ မိသားစုတွေကို ပြန်ပေါင်းစည်းပေးဖို့ ဗီဇာ ဒါမှမဟုတ် တခြား လူဝင်မှုဆိုင်ရာ ဖောင်တွေ ထုတ်ပေးနိုင်မယ့် ဖြစ်နိုင်ခြေကို စဉ်းစားသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

10 months Ago
Up