နယ်စပ်များပြန်ဖွင့်

A d v e r t i s e m e n t With Us

June 16, 2020

ဂျာမနီ၊ ပြင်သစ်နှင့် ဆွစ်ဇာလန် နယ်စပ်များပြန်ဖွင့်

ဂျာမနီ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန် နယ်စပ်ဒေသ သုံးခုမှာ နေထိုင်ကြတဲ့  ပြည်သူတွေဟာ  ဇွန်လ ၁၅ ရက်ကစလို့ နယ်စပ်ဖြတ်ပြီး လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ရတဲ့အတွက်  ပျော်ရွှင်နေကြပါတယ်။ အိမ်နီးချင်းနိုင်ငံက ဒေသအာဏာပိုင်တွေဟာ ဂျာမနီရဲ့ ဝီအမ်းရိုင်းမြို့၊ ပြင်သစ်ရဲ့ ဟီနန်ဂီမြို့နှစ်မြို့ကို ဆက်သွယ်ရာ  လူကူးတံတားပေါ်မှာ ဆုံတွေ့ကြပြီး အဲဒီနေရာဟာ ဆွစ်ဇာလန်ရဲ့ ဘတ်ဇယ်မြို့ကနေ ခဲတပစ်အကွာမှာ ရှိပါတယ်။ နယ်စပ်ပြန်ဖွင့်လိုက်တာမို့ ဝယ်သူတွေက နယ်စပ်ဖြတ်ပြီး ဂျာမနီမှာ ဈေးသက်တဲ့ပစ္စည်းတွေ လာဝယ်ကြတာမို့လည်း ဝီအမ်းရိုင်းမြို့က ရိုင်းစင်တာ ရှော့ပင်းမောလ်မှာ ဇွန် ၁၅ ရက်က ခါတိုင်းထက် ပိုပြီးအရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အီးယူ ၂၂ နိုင်ငံအပြင် အိုက်စလန်၊ လစ်တင်စတိုင်း၊ နော်ဝေနဲ့ ဆွစ်ဇာလန်တို့က ရှေးဂန်ဒေသမှာ ထိန်းချုပ်မှုမဲ့ နယ်စပ်ဖြတ်ကျော်တာကို ခွင့်ပြုပေးပါတယ်။  ပြည်တွင်းနယ်စပ် ထိန်းချုပ်တာကို ၃ လအကြာမှာ ပြန်ရုပ်သိမ်းတာဟာ လော့ဒေါင်း ကာလအတွင်း ကျဆင်းခဲ့တဲ့ ခရီးသွားလုပ်ငန်း တဖန် ပြန်နိုးထစေဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာ လည်းဖြစ်ပါတယ်။
9 months Ago
Up