နယ်စပ်ဖြတ်ကျော်သွားလာခွင့်စာအုပ်

July 9, 2020

မဲဆောက်တွင် နယ်စပ်ဖြတ်ကျော်သွားလာခွင့်စာအုပ်သက်တမ်းကုန် တရုတ် ၃ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင် မဲဆောက်မြို့မှာ နယ်စပ်ဖြတ်သွားလာခွင့် စာအုပ် သက်တမ်းကုန်နေတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ထိုင်းတာဝန်ရှိသူတွေက ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်အထွက် စုပေါင်းဂိတ်မှာ ကားမောင်းပြီး ဝင်လာတဲ့ သူတို့ ၃ ဦးကို ထိုင်းစစ်တပ်၊ လဝကနဲ့ အုပ်ချုပ်ရေးပိုင်းအပါအဝင် ပူးပေါင်းအဖွဲ့က စစ်ဆေးရာမှာ နေထိုင်ခွင့်စာအုပ်သက်တမ်း ရက် ၁၀၀ ကျော်လွန်နေတဲ့အတွက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စာအုပ်သက်တမ်းတိုးဖို့ သွားလာရေး အဆင်မပြေတာကြောင့် သက်တမ်းကုန်သွားတာလို့ ဖမ်းဆီးခံရသူတွေက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးမိတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို တရားမဝင် နိုင်ငံခြားသား ဥပဒေ နဲ့ အရေးယူပေးဖို့ ထိုင်းလဝကက မဲဆောက်မြို့ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။  ထိုင်းနိုင်ငံအတွင်း စာအုပ်သက်တမ်းကုန်တဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိနေသလို ထိုင်း-မြန်မာနယ် မြဝတီမြို့မှာလည်း  ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။
10 months Ago
Up