နယ်စပ်ဖြတ်ကျေ

October 2, 2020

နယ်စပ်ဖြတ်ကျော်ရွှေ့ပြောင်းလာသူ ၃၀၀၀ ကျော်အား တားဆီးမည်ဟု ဂွါတီမာလာသမ္မတပြော

အမေရိကန်သွားရောက်ဖို့ ဂွါတီမာလာနယ်စပ်ကို အတင်းဖြတ်ကျော် ဝင်လာတဲ့ ရွှေ့ပြောင်းလာသူ ၃၀၀၀ ကျော်ကို သမ္မတ အလက်ဂျန်ဒရို ယာမာသဲက ပြစ်တင်ရှုတ်ချလိုက်ပြီး တားဆီးသွားမယ်လို့ ပြောပါတယ်။   ရွှေ့ပြောင်းလာသူ လူအုပ်ကြီးဟာ အောက်တိုဘာ ၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၆ နာရီခွဲခန့်က နယ်စပ်မှာစုရုံးပြီး  နေ့လယ်ပိုင်းမှာတော့ ရွှေ့ပြောင်းလာသူ ၃,၀၀၀ ကျော်ဟာ နယ်စပ်ကို တရားမဝင် ဖြစ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ဂွါတီမာလာ အဏာပိုင်တွေက ပြောဆိုပါတယ်။  အဲဒီလူအုပ်ကြီးက ကလေးငယ်တွေကို လူသားဒိုင်းလုပ်ပြီး နိုင်ငံထဲ အတင်းဝင်လာခဲ့တယ်လို့ ဂွါတီမာလာ သမ္မတက ဆိုပါတယ်။  ဒီလူအုပ်ကြီးဟာ ဗဟိုအမေရိကမှာ ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း ဝင်လာတဲ့ အများဆုံး လူအုပ်စုကြီးဖြစ်ပြီး ကပ်ရောဂါကြောင့်  ခရီးအသွားအလာ ပိတ်ဆို့ကာ အလုပ်လက်မဲ့နဲ့ ဆင်းရဲမွဲတေမှု မြင့်တက်ခဲ့ပါတယ်။   နောက်ပြီး ဒီလို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဟာ အမေရိကန် သမ္မတရွေးကောက်ပွဲ တစ်လ အလိုမှာ ဖြစ်ခဲ့ပြီး ရီပတ်ဘလီကန် သမ္မတ ထရမ့်ဟာ တရားမဝင် ဝင်လာသူတွေကို ဖြိုခွင်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
7 months Ago
Up