နယ်စပ်ဂိတ်စခန်း

August 16, 2019

ဘိုလီးဗီးယား-ချီလီ နယ်စပ်ဂိတ်စခန်းတခု ပိတ်ထားရ

Zawgyi Version ဘိုလီးဗီးယား-ချီလီ နယ်စပ်ဂိတ်စခန်းတခု ပိတ်ထားရ DVB ဘိုလီးဗီးယားနဲ့ ချီလီနယ်စပ်မှာ သြဂုတ် ၁၅ ရက်နေ့က မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ဂိတ်စခန်းတခု ပိတ်ထားရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ဘိုလီးဗီးယားနိုင်ငံ ပစ်ဆီဂါဒေသဟာ တောင်အမေရိက အိမ်နီးချင်းဖြစ်တဲ့ ချီလီနိုင်ငံနဲ့ ထိစပ်နေတဲ့ အစည်ကားဆုံး နယ်စပ်ဒေသတခုပါ။ ဒါပေမယ့် ဘိုလီးဗီးယား အစိုးရရဲ့ တရားမဝင် မှောင်ခိုနှိမ်နင်းရေး စီမံကိန်းကို ဒေါသထွက်နေကြတဲ့ ဒေသခံတွေနဲ့ သံသယဖြစ်ဖွယ် မှောင်ခိုသမားတွေဟာ ဘိုလီးဗီးယား အာဏာပိုင်တွေကို တိုက်ခိုက်ခဲ့ကြလို့ နယ်စပ်ကို ပိတ်ထားခဲ့ရပါတယ်။ ကြာသပတေးနေ့က ဘိုလီးဗီးယားနယ်စပ်မှာ မော်တော်ကားတွေနဲ့ နယ်စပ်ဂိတ် အဆောက်အအုံတွေ မီးလောင်နေပြီး ဒေသခံတွေဟာ နယ်စပ် အစိုးရအရာရှိတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဘိုလီးဗီးယား-ချီလီနယ်စပ်ကို ပိတ်ထားတယ်လို့ ဘိုလီးဗီးယား အကောက်ခွန်အာဏာပိုင် ဥက္ကဋ္ဌ မာလီနီ အာဒါယာက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
2 years Ago
Up