နယ်သာလန်နှင့်

January 19, 2018

နယ်သာလန်နှင့် ဂျာမနီတွင် မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံး

နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့မှာ ဇန်န၀ါရီ ၁၈ ရက်နေ့မှာ တိုက်ခတ်ခဲ့တဲ့ ဖရီဒရီကာ မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။ သစ်ပင်တွေလဲတာနဲ့ အပျက်အစီးတွေ ပိတာကြောင့် ၃ ဦးသေဆုံးတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့ကပြောပါတယ်။ လေပြင်းတိုက်လို့ သစ်ပင်တွေလဲပြီး လမ်းပေါ်က ထရပ်ကားတွေ မှောက်ကုန်တာပါ။ ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေလည်း ဖျက်သိမ်းခဲ့ရပါတယ်။ နယ်သာလန်နိုင်ငံ ကမ်းခြေတစ်လျှောက်မှာ ၁ နာရီ လေတိုက်နှုန်းမိုင် ၉၀ အထိရှိခဲ့လို့ အမ်စတာဒမ်မြို့က စခေဖိုးလေဆိပ်ကို ခဏပိတ်ခဲ့ပါတယ်။ လေဆိပ်အဆောက်အအုံ ခေါင်မိုးတွေ ပြုတ်ထွက်ခဲ့လို့ လေဆိပ်ပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၂၆၀ ထက်မနည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ နယ်သာလန် နယ်စပ်နားက အမ်းမားရစ်မြို့မှာ အသက် ၆၀ အရွယ် အမျိုးသားတဦး သစ်ပင်ပိပြီးသေဆုံးခဲ့သလို မုန်တိုင်းတိုက်ချိန်အတွင်း ဖြစ်ပွားတဲ့ မတော်တဆမှုကြောင့် နိုင်ငံအနောက်ပိုင်းမှာ အမျိုးသားတဦး ထပ်မံသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဘတ်ဆယ်ဇွန်ငန်မြို့မှာ လဲကျနေတဲ့ သစ်ပင်တွေကြားထဲ ရောက်နေတဲ့ အမျိုးသမီးတဦးကို ကယ်ဖို့ကြိုးစားရင်း အသက် ၂၈ နှစ်အရွယ် မီးသတ်သမားတဦး သစ်ပင်ပိပြီး သေဆုံးခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up