နယ်သာလန်တွင် လူစီးရထားတစင်းက ကရိန်းကားကို ၀င်တိုက်၊ ရထားမောင်းသူ သေဆုံး

February 24, 2016

နယ်သာလန်တွင် လူစီးရထားတစင်းက ကရိန်းကားကို ၀င်တိုက်၊ ရထားမောင်းသူ သေဆုံး

နယ်သာလန်နိုင်ငံမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လူစီးရထားတစင်း ကရိန်းကားတစီးကို တိုက်မိပြီး လမ်းချော်တိမ်းမှောက်ခဲ့မှုမှာ ရထားမောင်းသူတဦး သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ ၀န်ချီကားက ရထားလမ်းကို ဖြတ်အကူးမှာ တိုက်မိခဲ့တာဖြစ်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဒယ်ဖ်ဇန် (Dalfsen) မြို့ အာဏာပိုင်တွေက ပြောပါတယ်။ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အချိန် ရထားပေါ်မှာ လူ ၁၅ ဦးလောက်ပဲ လိုက်ပါလာကြပြီး ရုံးသွားရုံးပြန်တွေနဲ့ ရထားလူစီးများချိန် မဟုတ်လို့ တော်သေးတယ်လို့ မြို့ဝန်က ဒေသခံမီဒီယာကို ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ပြောပါတယ်။ ရထားတိုက်မိတဲ့ အကြောင်းရင်းကို စုံစမ်းနေပြီး ကရိန်းကားမောင်းသူကိုတော့ ထိန်းသိမ်းထားပါတယ်။
6 years Ago
Up