မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ယူရိုဇုန် အုပ်စုအေ ပွဲစဉ်မှာ နယ်သာလန်က အိမ်ကွင်းမှာ ဘူလ်ဂေးရီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲအောင်ရေး မျှော်လင့်ချက်တွေ ရှင်သန်သွားပါတယ်။
နယ်သာလန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်လောက်မှာ ပရီးမီးယားလိဂ်ကလပ် ဘရစ်တန် ကွင်းလယ်ကစားသမား ဒေဗီ ပရောပါက သွင်းယူပါတယ်။
နယ်သာလန်ကပဲ ကွင်းလယ်မှာ စိုးမိုးကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
ဒုတိယဂိုးကိုတော့ ၆၇ မိနစ်မှာ တောင်ပံက ထိုးဖောက်မှုကနေ တိုက်စစ်မှူး ရော်ဘင်က ပိတ်သွင်းပြီး ရယူခဲ့ပါတယ်။
ဒီဂိုးဟာ ရော်ဘင်ရဲ့ လက်ရွေးစင်ဂိုး ၃၄ ဂိုးမြောက်လည်း ဖြစ်ပါတယ်။
နောက်ထပ် ၂ မိနစ်လောက်မှာပဲ ဘူလ်ဂေးရီးယားအတွက် ချေပဂိုး ၁ ဂိုးကို ကိုစတာဒီနော့က ဖရီးကစ်ကန်ချက်ကနေ သွင်းယူပါတယ်။
နယ်သာလန်အတွက် အပိတ်ဂိုးကို ပရောပါက မိနစ် ၈၀ မှာ သွင်းယူပြီး အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်လို့ နယ်သာလန်က အုပ်စုတွင်း ၁၃ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး အုပ်စုထိပ်က ပြင်သစ်နဲ့ ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
လက်ကျန်ပွဲ ၂ ပွဲမှာ အနိုင်ရရင် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
5 years Ago