နယ်သာလန်

July 4, 2019

အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နယ်သာလန်က ဆွီဒင်ကို အနိုင်ရ (ရုပ်သံ)

အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ နယ်သာလန်က ဆွီဒင်ကို အချိန်ပိုမှာ ၁ ဂိုးတည်းနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ မိနစ် ၉၀ အထိ တဖက်ဂိုးမရှိ သရေကျနေလို့ အချိန်ပိုကစားရာ ၉၉ မိနစ်မှာ နယ်သာလန်အတွက် အနိုင်ဂိုးကို ဂရိုနန်က သွင်းယူပါတယ်။ ခြေစွမ်းမကွာတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဥရောပ ချန်ပီယံ နယ်သာလန်က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ဆွီဒင်ကလည်း ဂိုးပေါက် ခြိမ်းခြောက်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်လှမ်းသွားတာပါ။ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ နယ်သာလန်ဟာ လက်ရှိ ချန်ပီယံ အမေရိကန် အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
2 years Ago

June 26, 2019

နယ်သာလန်ကလပ်မှ လူငယ်နောက်ခံလူ ဗန်ဒန်းဘာ့ခ်ကို ခေါ်ရန် လီဗာပူး စိတ်အားထက်သန်

လီဗာပူးအသင်းဟာ ဟော်လန်ကလပ် PEC ဇဝိုလာအသင်းက ဗဟိုနောက်ခံလူ ဆပ် ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် နောက်တန်းကစားသမား ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ အေဂျက်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ အီတလီကလပ် ဆမ်ဒိုးရီးယားအသင်းကလည်း အသက် ၁၇ နှစ်အရွယ် နယ်သာလန် နောက်ခံလူ ဗန်ဒန်းဘာ့ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နယ်သာလန် ယူ-၁၉ လက်ရွေးစင် ဗန်ဒန်းဘာ့ခ်ဟာ ပြီးခဲ့တဲ့ရာသီက PEC ဇဝိုလာအသင်းအတွက် ၁၅ ပွဲ ကစားပေးထားပါတယ်။ တကယ်လို့ လီဗာပူးကသာ ခေါ်ဖြစ်ရင် ဒီနှစ်နွေရာသီမှာ အသင်းအတွက် ပထမဆုံး ခေါ်ယူတဲ့ ကစားသမား ဖြစ်လာဖို့ ရှိနေပါတယ်။
2 years Ago
More News
Up